စမ်းချောင်းမြို့နယ်တွင် ရေတိုက်စားမှုကြောင့် အုတ်တံတိုင်းပြိုကျသဖြင့် မော်တော်ယာဥ်များ ပိမိ


(ပြည်တွင်း) ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊မုန့်/တောင်ရပ်ကွက် အေးစေတီဘုန်းကြီးကျောင်းနှင့်ကျားကျောင်းဆက်သွယ်ထားသော အုတ်တံတိုင်းမှာ ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က ရေတိုက်စားမှုကြောင့် ပြိုကျခဲ့ကြောင်း သိရသည်။

အဆိုပါ အုတ်တံတိုင်းပြိုကျမှုကြောင့် အနီးတွင်ရပ်ထားသော မော်တော်ကား ၆ စီးခန့် ပေါ် ပိ၍ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း ကနဦးသတင်းသိရှိရပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram
https://t.me/positiveanglenews

PAN

ZN #SZ