စစ်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်တွင် သူဌေး​ချောင်းဆည်အနီရောင်အဆင့်ရောက်နေ


(ပြည်တွင်း) ဇူလိုင် ၂၇

အကြမ်းဖက်တိုက်ခိုက်မှုများရှိနေသည့် ရခိုင်ပြည်နယ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲမြို့တွင်ရှိသော သူဌေးချောင်း ဆည် သည် စိုးရိမ်ရေမှတ် (အနီရောင်အဆင့်)ကို ကျော်လွန်လာနေပြီ ယခုထက် မိုးရွာသွန်းမှုပိုလာပါက စိုးရိမ်ဖွယ်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းကိုဆက်သွယ်ထားသော ရိုးတောင်ကားလမ်းမရှိ (၁၇) မိုင်တွင် ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်အစောပိုင်းမှစတင်ကာ လမ်းပြိုကျမှု​များဖြစ်ပေါ်ခဲ့သည့်အတွက် ကုန်ကားများနှင့် ခရီးသည်တင်ကားများ သွားလာမရဖြစ်ခဲ့ရသည်ဟုလည်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းများတွင် သံတွဲ၊ တောင်ကုတ်၊ဂွမြို့နယ်တို့၌ မိုးအဆမတန်ရွာသွန်းခဲ့မှုကြောင့် နေအိမ်အများအပြား ရေနစ်မြုပ်မှုကို ရင်ဆိုင်ခဲ့ကြရပြီး ဒေသခံအများစုမှာ စစ်ဘေး၊ ရေဘေးဒဏ်တို့ကြောင့် စားဝတ်နေရေးနှင့် လုံခြုံရေး အခက်ခဲများကို ရင်ဆိုင်နေကြကြောင်းလည်း သိရသည်။

ဇူလိုင်လ ၂၆ ယနေ့နံက်ပိုင်းမှစ၍ ယခုအချိန်ထိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရွှေဇား၊ အောင်ဗလနှင့် ဝိမလကျေးရွာနှင့် နေရာအနှံ့အပြားတို့တွင် တပ်မတော်နှင့် AA သောင်းကျန်းသူတို့ ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိပြီး တပ်မတော်မှ လက်နက်ကြီးပစ်ကူ၊လေကြောင်းပစ်ကူများဖြင့် ချေမှုန်းလျက် ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ