အမြန်လမ်းမကြီး မိုင်တိုင် ၁၇၁ မိုင်တွင် ယာဥ်မတော်တဆတိုက်မှုကြောင့် နှစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ


(ပြည်တွင်း)ဇူလိုင် ၂၆

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၁/၀အနီးတွင် ယနေ့နဲနက်၆နာရီ၂၀မိနစ်အချိန်ခန့်က Hondafit အမျိုးအစား( အနက်ရောင်)ယာဉ်သည် Guard rail တန်းအား တိုက်မိပြီး ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ယာဥ်မတော်တဆတိုက်မိသည့်နေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကျား(၂)ဦး (သေဆုံး)တို့အား ဆွာနာရေးလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ