ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် အခွန်အခများကောက်ခံနေသော အကြမ်းဖက် PDF အဖွဲ့များကို ဒေသခံများက ဆန္ဒထုတ်ဖော်


(ပြည်တွင်း) ဇူလိုင် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာတွင် အကြမ်းဖက် PDF များမှ ဂိတ်များဖွင့်လှစ်၍ အခွန်အခများ ကောက်ခံခြင်းကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ချပြမှု့မရှိသည့်အတွက် ဒေသခံ PDF အဖွဲ့များကို ကျေးရွာလူထုမှ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ PDF အဖွဲ့များကို ကျေးရွာနေပြည်သူများက ယနေ့နံနက်ပိုင်းအချိန်တွင် ဒေသခံပြည်သူဦး‌ရေ ၂၀၀ ကျော်ခန့်ဖြင့် ဆန္ဒပြခဲ့ကြကြောင်း ၎င်းဒေသခံများထံမှ သိရှိသလို ၎င်းရင်ပေါင်တိုင်ရွာအနီးရှိ လာဘို့ရွာမှ PDFအဖွဲ့ဝင် ၁၀ ဦးကို ယင်းမာပင်မြို့နယ် PDF ခေါင်းဆောင်း ဗိုလ်သံမဏိဆိုသူမှ လွန်ခဲ့သော ၂၀၂၂ ခုနှစ်က တရက်တည်းသတ်ဖြတ်ခဲ့မှုဖြစ်ပေါ်ခဲ့ဘူးကြောင်း သတင်းများအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ