မိုးအဆက်မပြတ် ရွာသွန်းခြင်း ၊ မြစ်ရေမြင့်တက်လာခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့/ ရွာ/ရပ်ကွက်အချို့တွင် ရေကြီးခြင်းဖြစ်ပွားနေ


(ပြည်တွင်း) ဇူလိုင် ၂၆

ဇူလိုင်လ ၂၄ / ၂၄ ရက်နေ့များအတွင်း ပဲခူးတိုင်းဒေသကြီးအတွင်း၌ မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခြင်းကြောင့် ပဲခူးမြစ်ရေ စစ်တောင်းမြစ်ရေများ မြင့် တက်လာမှုကြောင့် ပဲခူးမြို့နယ် ၊ ညောင်လေးပင်မြို့နယ် ၊ ရွှေကျင်မြို့နယ်နှင့် ကျောက်တံခါးမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအချို့ရှိ လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာသဖြင့် ပြည်သူအချို့ရေဘေးသင့်နေရကြောင်း သိရသည်။

ပဲခူးမြို့ရှိ ပဲခူးမြစ်ရေ၏စိုးရိမ်ရေမှတ်မှာ ၈၈၀စင်တီမီတာဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့ ညနေ ၆ နာရီခွဲတိုင်းထွာချက်အရ ပဲခူးမြို့တွင် မြစ်ရေသည် ၈၈၄ စင်တီမီတာ သို့ ရောက်ရှိနေပြီး စိုးရိမ်ရေချိန် အမှတ်အထက်သို့ ၄ စင်တီမီတာကျော်လွန်လျှက်ရှိကြောင်းသိရပြီး ပဲခူးမြို့နယ်အတွင်း အနိမ့်ပိုင်းရှိ ရပ်ကွပ်/ကျေးရွာအုပ်စုများရှိ လူနေခြံများအတွင်းသို့ ရေများစတင်ဝင်ရောက်နေကြောင်းသိရပြီး မြစ်ရေသည်ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

ညောင်လေးပင်မြို့နယ်အတွင်း၌ ပိန်းဇလုပ်မြို့တွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လူနေရပ်ကွက်များအတွင်း ရေများဝင်ရောက်နေပြီး ၊ ရွှေကျင်မြို့နှင့် မဒေါက် မြို့တို့တွင်လဲ စစ်တောင်းမြစ်ရေး မြင့်တက်လာမှုနှင့် ရွှေကျင်ချောင်းအတွင်းမှရေများသည် လူနေရပ်ကွက် / ကျေးရွာအုပ်စုများအတွင်း စတင်ဝင်ရောက်နေပြီး ၊ ကျောက်တံခါးမြို့ရှိ စာတိုက်ရပ်ကွက်နှင့် ကွင်းမြာက်ရပ်ကွက်များတွင်လဲမိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် လမ်းများနှင့် အိမ်ခြံဝန်းများ အတွင်း ရေဝင်ရောက်နေကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ