တရုတ်နိုင်ငံကို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုပြုလုပ်နိုင်ရန် ဖိတ်ခေါ်


(နိုင်ငံတကာ) ဇူလိုင် ၂၆

တရုတ်နဲ့တောင်အာရှနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပေါင်းစပ်ပေးနိုင်တဲ့ အတွက် မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြုလုပ်နိုင်စေရန် ဖိတ်ခေါ်ထားကြောင်း ဇူလိုင်လ ၂၃ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့တဲ့ (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပိုကုန်/သွင်းကုန်ပြပွဲမှ သိရ ပါတယ်။

အဆိုပါ ကုန်စည်ပြပွဲကို အရှေ့တောင်အာရှ ၁၀ နိုင်ငံနှင့် တောင်အာရှ ၈ နိုင်ငံတို့မှ အစိုးရ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဇူလိုင်လ ၂၃ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။

ပြပွဲတွင် နိုင်ငံပေါင်း ၈၂ နိုင်ငံက ကုမ္ပဏီပေါင်း ၂,၀၀၀ ကျော်ရဲ့ ပြခန်းပေါင်း ၈၀၀ ကျော် ပါဝင်ပြသ လျက်ရှိပြီး မြန်မာနိုင်ငံကုမ္ပဏီ ၂၄ ခုမှ ပြခန်းပေါင်း ၂၆ ခု ပါဝင်ပြသလျက်ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ လူဦးရေ ၃ ဒသမ ၂ ဘီလီယံ အခြေချနေထိုင်နေတဲ့ အိမ်နီးချင်းနိုင်ငံ ငါးနိုင်ငံရဲ့ အလယ်မှာတည်ရှိပြီး သဘာဝသယံဇာတနဲ့ အခြေခံကောင်းများလည်း ရှိပါတယ်။

အိန္ဒိယသမုဒ္ဒရာမှာ ရှည်လျားတဲ့ ကမ်းရိုးတန်းပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ကုန်သွယ်မှုအတွက် ကောင်းမွန်တဲ့နိုင်ငံဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုပြုလုပ်နိုင်ရန် ရည်ရွယ်ကာ ဖိတ်ခေါ် ခြင်း ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ