ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရရှိနေတဲ့ စီရော်နယ်လ်ဒို


(အားကစား) ဇူလိုင် ၂၆

Capology က လာမည့် ၂၀၂၄-၂၅ ရာသီမှာ ဆော်ဒီပရိုလိဂ်၌ လစာအများဆုံးရကစားသမား ၁၀ ဦးကို ဖော်ပြခဲ့ရာ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်လ်ဒို က တစ်နှစ်လစာ ယူရိုသန်း ၂၀၀ ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဒုတိယနေရာတွင် အယ်လ်အစ်တီဟတ် တိုက်စစ်မှူးဘန်ဇီမာနှင့် အယ်လ်ဟီလာတိုက်စစ်မှူး နေမာတို့က တစ်နှစ်လစာ ယူရိုသန်း ၁၀၀ စီ ဖြင့် ပူးတွဲရပ်တည်နေကာ စီရော်နယ်ဒို ရဲ့လစာက ၎င်းတို့နှစ်ဦးထက် နှစ်ဆပို များနေတာကို တွေ့ရပါတယ်။

အသက် ၃၉ နှစ်ကျော်ပြီဖြစ်တဲ့ စီရော်နယ်လ်ဒို အနေနဲ့ ၂၀၂၃ ဇန်နဝါရီလက ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းသို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီကလပ်အသင်းများကလည်း ကမ္ဘာကျော်ကစားသမားများကို ခေါ်ယူခဲ့ကြ ပါတယ်။

လစာအများဆုံး ကစားသမားများစာရင်းမှာ အယ်လ်အာလီအသင်း တောင်ပံကစားသမား မာရက်ဇ် က တစ်နှစ် လစာ ယူရို ၅၂ ဒသမ ၅ သန်းဖြင့် စတုတ္ထနေရာမှာ ရပ်တည်နေပြီး အယ်လ်နာဆာ တိုက်စစ်ကစားသမား မာနေး က တစ်နှစ်လစာ ယူရိုသန်း ၄၀ ဖြင့် ပဥ္စမနေရာတွင် ရပ်တည်နေပါတယ်။

မာနေး ရဲ့နောက်မှာ ကူလီဘာလီ၊ မီထရိုဗစ်၊ မီလင်ကိုဗစ်၊ ကန်တေ နဲ့ လာပေါ့တ် တို့က အဆင့်(၅)မှ အဆင့်(၁၀)အတွင်း အသီးသီးရပ်တည် နေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ