စနစ်ဟောင်း နဝမတန်းအောင်သူများကို တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်ပြုမည်


(ပြည်တွင်း)ဇူလိုင် ၂၆

လာမယ့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပချိန်တွင် စနစ်ဟောင်း နဝမတန်းအောင်မြင်ပြီး အကြောင်း အမျိုးမျိုးကြောင့် ဖြေဆိုခဲ့ခြင်းမရှိတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ စနစ်ဟောင်း/စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုးသူတွေကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်တယ်လို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ စနစ်သစ် ဘာသာတွဲတွေ အနက် တစ်ခုကို ရွေးချယ်လျှောက်ထားနိုင်တယ်လို ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ စတင်ကျင်းပတဲ့ စနစ်သစ် Grade 12 အဆင့် တက္ကသိုလ်ဝင်စာမေးပွဲမှာ စနစ်ဟောင်းနဝမတန်းအောင်မြင်ပြီး အကြောင်းအမျိုးမျိုးကြောင့် တက္က သိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမရှိတဲ့ ကျောင်းသား/ကျောင်းသူတွေနဲ့ စနစ်ဟောင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုးသူတွေကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံခြားစာစစ်ဌာန အပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြေဆိုသူဦးရေ ၁၂၈,၈၂၀ ယောက်ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူဦးရေ ၇၄,၅၉၂ ယောက်ရှိခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ