စစ်ရေးနှင့် နျူကလီးယားလျှို့ဝှက်ချက်တွေကို မြောက်ကိုရီးယားဟက်ကာတွေက ရယူဖို ကြိုးပမ်းနေ


(နိုင်ငံတကာ) ဇူလိုင် ၂၆

အမေရိကန် တရားရေးဌာန (DOJ) သည် (Onyx Sleet) အမည်ရှိ မြောက်ကိုရီးယား ဟက်ကာအဖွဲ့အား ခြေရာခံမိကာ ၎င်းနှင့်ဆက်နွယ်သည့်လူတစ်ဦးအား စွဲချက်တင်ခဲ့ကြောင်းသိရသည်။

ထို့အပြင် အမေရိကန်၊ ဗြိတိန်နှင့် တောင်ကိုရီယားနိုင်ငံများကလည်း မြောက်ကိုရီးယား ဟက်ကာတွေများသည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများနှင့် ပုဂ္ဂလိကကုမ္ပဏီများမှ နျူကလီးယားနှင့် စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်များ ရယူရန် ကြိုးပမ်းနေကြောင်းသတိပေးထားသည်။

“မြောက်ကိုရီးယားနိုင်ငံက ဟက်ကာတွေဟာ အရေးကြီးတဲ့စနစ်တွေကို စိမ့်ဝင်ဖို့ကြိုးစားဖို့ သူတို့ရဲ့လုပ်ဆောင်မှုတွေကို တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ဒီလုပ်ရပ်တွေကို တန်ပြန်ဖို့ ကျွန်တော်တို့ တွန်းအားပေးသွားမှာပါ” ဟု NSA ဆိုက်ဘာလုံခြုံရေးဒါရိုက်တာ Dave Luber က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားဟက်ကာများသည် ယူရေနီယမ်သန့်စင်မှုလုပ်ငန်းများ တင့်ကား၊ ရေငုပ်သင်္ဘောနှင့် တော်ပီဒိုတွေထုတ်လုပ်သည့် လုပ်ငန်းတွေအထိ သတင်းအချက်အလက်များ ရယူရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ဗြိတိန်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေကိုပါ ပစ်မှတ်ထားနေကြောင်း ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ