ကိုးဆူးကျေးရွာ ရွာခွဲတာဝန်ခံနှင့်ဇနီးတို့အား အမည်မသိ PDF အကြမ်းဖက်သမား မှ နေအိမ်တွင် လာရောက်ပစ်သတ်


(ပြည်တွင်း)ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ မကျီးကန်ကျေးရွာအုပ်စု၊ ကိုးဆူကျေးရွာတွင် ယနေ ညနေ ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က ကိုးဆူးကျေးရွာ ရွာခွဲတာဝန်ခံနှင့် ဇနီးအား အမည်မသိ PDF အကြမ်းဖက်သမား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ပစ္စတို ၂ လက်၊ လက်နက်ငယ် အရှည် ၃ လက် ကိုင်ဆောင်၍ ကိုးဆူကျေးရွာ၏ အနောက်ဘက် မလွှတောင်ကျေးရွာဘက်မှ လာရောက်၍ ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ကိုးဆူကျေးရွာ ရွာခွဲတာဝန်ခံဦးရဲရွှေ၏ နေအိမ်ခြံဝန်း အတွင်း၌ ဦးရဲရွှေ၊ အသက် ၅၇ နှစ်တွင် ရင်ညွှန့် အလယ်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာဘက် ရင်အုံဖောက်ဝင်‌ ဒဏ်ရာ ၁ ချက်၊ ယာပါး ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခင်‌ရွှေ၊ အသက် ၄၂ နှစ်တွင် ဝဲလက်မောင်း လက်ပြင် ကျော်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲလက် ကောက်ဝတ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာမျက်ခုံးပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ လည်ပင်းဖောက်ဝင် ဒဏ်ရာ ၁ ချက် သေနတ်ဒဏ်ရာများအသီးသီး ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

၎င်းနေအိမ်ဝန်းအတွင်းမှ THAI ARMY အမျိုးအစား၊ 9MM ကျည်ခွံ ၁၂ ခွံ၊ AK-47 ကျည်ခွံ ၁ ခွံ၊ ပစ္စတိုကျည်အိမ် ၁ ခုတွေ့ရှိရပြီး၊ ဦးရဲရွှေ ပိုင်ဆိုင်သော 8G/5254၊ Light Truck၊ အမျိုးအစား၊ အဖြူရောင်အား PDF အကြမ်းဖက်သမားများမှ ယူဆောင် မောင်းနှင် သွားခဲ့ပြီး ချောက်မြို့နယ်၊ မကျီးကန်ကျေး ရွာ-မလွှတောင်ကျေးရွာ ရွာချင်း ဆက်ဖွံ့ဖြိုးရေး လမ်းအတိုင်း ထွက်ခွာသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ