အကြမ်းဖက် PDF အဖွဲ့က Drone ဖြင့် Drop Bomb ချတိုက် ခိုက်မှုကြောင့် ကျေးရွာသူ/သား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိ

(ပြည်တွင်း) ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ မလိူင်မြို့နယ်၊ သက္ကယ်ကျင်း​​ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၄ နာရီခွဲအချိန်ခန့်က လုံခြုံရေးစစ်ကြောင်းအား အကြမ်းဖက် PDF အဖွဲ့က Drone ၂ စီးဖြင့် Drop Bomb ၃ လုံးချ တိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိိခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးများမှာ သက္ကယ်ကျင်းကျေးရွာအတွင်းရှိ ဦးကြည်ထွန်း၏ နေအိမ်ခြံဝင်းအတွင်းသို့ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးကြည်ထွန်း၏ သားဖြစ်သူ မောင်အောင်ကိုမင်းတွင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး နောက်ထပ် ဗုံး ၁ လုံးမှာ ဦးမောင်ကြည်၏ နေအိမ်ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးမောင်ကြည်၏ သမီးဖြစ်သူ မကြည်ခိုင်တွင် မိုင်းစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း၊ ကျန် ဗုံး ၁ လုံးမှာ ပေါက်ကွဲမှုမရှိကြောင်း သိရသည်။

Telegram
https://t.me/positiveanglenews

PAN

ZN #SZ