အကျဥ်းသားကျခံ NLD တိုင်းဝန်ကြီးဟောင်းဆေးကုသမှုခံယူနေရ


(ပြည်တွင်း)ဇူလိုင် ၂၅

မဲမသမာမှုပြုလုပ်ခဲ့သည့် NLD အစိုးရ၏ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း တစ်ဦး ဆေးကုသမှုခံယူ‌ နေရကြောင်း စုံစမ်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် အကျဥ်းကျခံနေရသည့် NLD အစိုးရ ၏ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်အား ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ဆေးကုသရန် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အကျဉ်းကျခံနေရတဲ့ ဦးဇာနည်အောင်၊ ၆၀ နှစ်ဟာ ဆီးချို ရောဂါ၊ သွေးတိုးရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါတို့ ဖြစ်ပေါ်နေသဖြင့် မန္တလေးဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာန အလှည့်ကျဆရာဝန်မှ လိုအပ်သော ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ရကြောင်း သိရသည်။

မဲမသမာမှုပြုလုပ်ခဲ့သည့် NLD အစိုးရ၏ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊လျှပ်စစ်၊စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဟောင်း ဦးဇာနည်အောင်သည် မန္တလေးဗဟိုအကျဉ်းထောင်၌ အဂတိ-၅၅(၂)မှု၊ ဘေးစီမံ-၃၀(က)/၂၅အရ ထောင်ဒဏ် ၈နှစ် ပြစ်ဒဏ်ကျခံလျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ