သက်သာသောစျေးနှုန်းဖြင့် ဆေးဝါးများ တိုးချဲ့ရောင်းပေးမည်

ဇူလိုင် ၂၅

      ပြည်သူတွေ လိုအပ်နေတဲ့ ဆေးဝါးတွေကို ဆေးကုမ္ပဏီတွေရဲ့ရောင်းစျေးအတိုင်း သက်သာတဲ့စျေးနှုန်းတွေနဲ့ တိုးချဲ့ရောင်းချပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ ဝင်းမော်ဖြိုး က ပြောပါတယ်၊၊

      အဲဒီဆေးဝါးတွေ တိုးချဲ့ရောင်းချပွဲကို ဇူလိုင်လ ၂၉ ရက်ကနေ ဩဂုတ်လ ၃ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေးရုပ်ရှင်ရုံဝင်းအတွင်းရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန အဆောက် အဦနဲ့ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ သီရိဥဿစျေးကြီး အပေါ်ထပ်၊ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်များ အရောင်းစင်တာခန်းမ စတဲ့နေရာတွေမှာ တိုးချဲ့ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

    အခု ဇူလိုင်လကုန်ကစပြီး ဆေးဝါးတွေဟာ စျေးကွက်အတွင်း ပြန်လည်ဝင်ရောက်လာမှာ ဖြစ်တဲ့အတွက် ဆေးဝါးပြတ်လပ်မှုနဲ့ စျေးနှုန်းကြီးမြင့်မှု အတိုင်းအတာတစ်ခုထိ ကျဆင်းလာမယ်လို့ ဒေါက် တာ ဝင်းမော်ဖြိုး က ပြောပါတယ်။

     လက်ရှိမှာတော့ ဆေးဝါးသုံးစွဲသူပြည်သူတွေ သင့်တင့်မျှတတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့နဲ့ ဆေးဝါးတွေ မပြတ်လပ်စေဖို့ ရည်ရွယ်ကာ ဇူလိုင်လ ၁၇ ရက်ကစပြီး ရန်ကုန်မြို့၊ ကုန်သည်လမ်းနဲ့ လမ်း ၃၀ ထောင့်ရှိ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှာ ရောင်းချပေးနေပါတယ်။

      ဒါ့အပြင် ပြီးခဲ့တဲ့ မတ်လကစပြီး ဆေးဝါးနဲ့ဆေးပစ္စည်းတွေအတွက် သွင်းကုန်လိုင်စင်တွေ ပြန်လည်ခွင့်ပြု လိုက်တာကြောင့် ဈေးကွက်အတွင်း လိုအပ် ချက်ရှိတဲ့ ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ ပြန်လည်တင်သွင်းနေတယ် လို့လည်း သိရပါတယ်။

#PAN