ဝင်ငွေ ယူရို ၁ ဘီလီယံကျော်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် ရီးယဲလ် စံချိန်တင်

(အားကစား) ဇူလိုင် ၂၅

ရီးယဲလ်မက်ဒရစ်အသင်းဟာ ဝင်ငွေပမာဏ ယူရို ၁ ဘီလီယံကျော်ရရှိတဲ့ ပထမဆုံးအသင်းအဖြစ် စံချိန်သစ်တစ်ခု ရေးထိုးစိုက်ထူသွားနိုင်ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းက ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကိုထုတ်ပြန်ခဲ့ရာ ၀င်ငွေ ယူရို ၁ ဒသမ ၀၇၃ ဘီလီယံအထိရှိခဲ့ပြီး ယင်း၀င်ငွေပမာဏကိုရရှိခဲ့သည့် ပထမဆုံးဘောလုံးကလပ်အသင်းအဖြစ် မှတ်တမ်း၀င်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၂-၂၃ ရာသီကထက် ၀င်ငွေ ယူရိုသန်း (၂၃၀)ကျော် (၂၇%) တိုးတက်လာခဲ့ပြီး လာလီဂါ၊ ချန်ပီယံလိဂ်နှင့် စပိန်စူပါဖလားများ ရယူနိုင်ခဲ့ခြင်းအပါအ၀င် ကွင်း၀င်ကြေးနှင့် စပွန်ဆာစာချုပ်သစ်များက ၀င်ငွေစံချိန်တင်နိုင်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။