ရုရှားလေကြောင်းအာကာသတပ်ဖွဲ့နှင့် တရုတ်လေတပ်တို့ ပူးတွဲကင်းလှည့်

ဇူလိုင် ၂၅

      ရုရှားလေကြောင်းအာကာသတပ်ဖွဲ့မှ ဗျူဟာမြောက်ဗုံးကြဲလေယာဉ် Tu-95MS နှင့် တရုတ်၏ ပြည်သူလွတ်မြောက်ရေးတပ်မတော်မှ ဗျူဟာမြောက်ဗုံးကြဲလေယာဉ်  H-6K များဦးဆောင်ကာ လေကြောင်းကင်းလှည့်မှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

       နှစ်နိုင်ငံလေတပ်များသည် ချူကချီပင်လယ် ၊ ဘဲရင်းပင်လယ်ရေပြင်နှင့် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်ပိုင်းတွင် ပူးတွဲလေကြောင်းကင်းလှည့်မှုပြုလုပ်ခဲ့သည်။

      အဆိုပါဗျူဟာမြောက် ဗုံးကြဲလေယာဉ်များအား Su-30SM နှင့် Su-35S လေယာဉ်များဖြင့် အကာ အကွယ်ပြုလုပ်ကာ ပျံသန်းခဲ့ပြီး ပူးတွဲပျံသန်းမှုကြာချိန် ၅ နာရီဝန်းကျင်ကြာမြင့်ခဲ့ကြောင်းသိရသည်။

       ပူးတွဲကင်းလှည့်နေစဉ်အတွင်း နှစ်နိုင်ငံလေတပ် ၏ ကင်းလှည့် လေယာဉ်များသည် နိုင်ငံတကာဥပဒေပါ ပြဋ္ဌာန်းချက်များကို တင်းတင်းကျပ်ကျပ်လိုက်နာခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#PAN