မန်စီးတီးမှ ဒီဘရိုင်းနား ထွက်ခွာမည်မဟုတ်ကြောင်း ဂွါဒီယိုလာ အတည်ပြု

(အားကစား) ဇူလိုင် ၂၅

မန်စီးတီးမန်နေဂျာ ပတ်ဂွါဒီယိုလာ က ဆော်ဒီကလပ် အယ်အစ်တီဟတ်၏ စိတ်ဝင်စားမှုကို ခံနေရသည့် ဒီဘရိုင်းအနေဖြင့် အသင်းတွင်သာ ဆက်ရှိနေမည်ဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်။

အသက်၃၃နှစ်အရွယ် ဒီဘရိုင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တနှစ် ကျန်နေသေးပေမဲ့ ပြီးခဲ့တဲ့လတုန်းက ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဘရိုင်းဟာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆုကို စံချိန်တင် ၄ နှစ်ဆက်တိုက် ရရှိထားသူဖြစ်ပြီး ၄င်းဟာ မန်စီးတီးကစားသမား သက်တမ်းတလျှောက်မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၆ ကြိမ်အထိ ရရှိထားပါတယ်။