ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှကြောင့် အဆောက်အဦတချို့ပျက်စီး


(ပြည်တွင်း) ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ် ၁၈.၃၀ ပေအထိရောက်ရှိနေပြီး ယနေ့ နံနက်(၀၆:၀၀)နာရီအချိန် တိုင်းထွာချက်အရ မြစ်ရေ ၂၀.၄၅ ပေ မိုးရေချိန် ၀.၃၄ လက္မနှင့် စိုးရိမ်ရေမှတ် ၂၁.၀၀ ပေဖြစ်ကြောင်း သိရှိရသည်။

ဖျာပုံခရိုင်၊ ဘိုလေးမြို့နယ်၊ သဗြုကုန်းကျေးရွာအုပ်စု၊ သဗြုကုန်းကျေးရွာ တွင် ယမန်နေ့ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က လေပြင်းတိုက်ခတ်မှကြောင့် အခြေခံပညာ အထက်တန်းကျောင်းခွဲရှိ အန္တရယ်ကျောင်းဆောင် တစ်ဆောင် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြသိန်းတန်ကျေးရွာအုပ်စု၊ မြသိန်းတန်ကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့ ည ၈ နာရီအချန်က နေအိမ်တစ်လုံး ပေါ်သို့ သစ်ပင်လဲကြခဲ့ရာ နေအိမ်ပျက်စီးသွားခဲ့ပြီး လူသူထိခိုက်မှုမရှိကြောင်း သိရှိရသည်။

အလားတူပင် ယမန်နေ့ည ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က လေပြင်းတိုက်ခတ်မှု့ကြောင့် ဘိုကလေးမြို့နယ်၊ သက္ကယ်ဆိပ်ကျေးရွာအုပ်စု၊ ပတက်ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အုန်းပင်နှင့် ကုက္ကိုပင်တို့ ကျောင်းအမိုးပေါ်ပြတ်ကျ ခဲ့သောကြောင့် ဘုန်းတော်ကြီးကျောင်း ခေါင်မိုးမှာ ပေါက်ပြဲပျက်စီး သွားခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ