ဖာပွန် ခမရ(၃၄၀) ရဲ့ ဗျူဟာမြောက် အောင်ပွဲ

(သတင်းဆောင်းပါး)
တစ်နိုင်ငံလုံးက ရှမ်းမြောက်တို့၊ မိုးကုတ်တို့ရဲ့ သတင်းတွေကို စိတ်ဝင်တစား စောင့်ကြည့်နေချိန် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ခမရ(၃၄၀) ကတော့ မိုးထဲရေထဲမှာ အကြမ်းဖက်သမားတွေကို တနေကုန်ခုခံတိုက်ခိုက်ရင်း “လှေခွက်ချည်းကျန် အလံမလဲ” သည့် စစ်သားကောင်းများဖြစ်ကြောင်း ပြသသွားခဲ့ပါတယ်။

အကြမ်းဖက် KNLA/PDF တွေ လာတိုက်တော့မယ်ဆိုတဲ့ ၁ ပါတ်လောက်အလိုကတည်းက အထက်လူကြီးရဲ့ “ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားပါ”ဆိုတဲ့ အမိန့်တစ်ခုတည်းနဲ့ ခံစစ်ပြင်ဆင်မှုတွေ၊ ခံစစ်ကနေ တိုက်စစ်ပြောင်းလဲမှုတွေလုပ်နိုင်ဖို့ မိုးထဲရေထဲမှာ အရာရှိ၊ စစ်သည်တွေ မှီခိုသူရဲမေတွေအပါဝင် အားလုံး တက်ညီလက်ညီ လုပ်ကိုင်ခဲ့ကြတယ်။
စစ်ကူအင်အားတွေကို နေရာချခဲ့ကြတယ်။

ကြိုတင် ပြင်ဆင်မှုဆိုတဲ့ စကားလုံးမှာ ဘယ်လောက်ပင်ပန်းဆင်းရဲမလဲဆိုတာ တွေးကြည့်ယုံနဲ့ သိနိုင်ပါလိမ့်မယ်။
တပ်ရင်းတစ်ခုလုံး တဝက်အိပ် တဝက်နိုးအနေအထားနဲ့ တပါတ်တာကာလ ကျော်လွန်ခဲ့ပါပြီ။

ဒီလိုနဲ့ ဇူလိုင်လ ၂၄ ရက်နေ့၊ မနက် ၅ နာရီအချိန်မှာတော့ KNU တပ်မဟာ (၅) လက်အောက်ခံ အကြမ်းဖက် KNLA/PDF တို့က ခမရ(၃၄၀) ရဲ့ ခံစစ်ပြင်ဆင်မှု ကောင်း/မကောင်းကို ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ရန်သူအင်အား ၄၀၀ လောက်နဲ့ ခမရ(၃၄၀)ရဲ့ အဓိကနေရာ ၃ နေရာကို တပြိုင်တည်းတိုက်ခိုက်မှုက ပြိုဆင်းသွားနိုင်လောက်စရာပါ..ဒါပေမယ့် ဘယ်အရာမှ လွယ်လွယ်နဲ့ မရနိုင်ဘူးဆိုတာ ရန်သူတွေ ဒီအချိန်လောက်ဆို တွေးတတ်လောက်ပြီလို့ ထင်ပါတယ်။

ခမရ(၃၄၀)ရဲ့ အဓိကနေရာ ၃ နေရာနဲ့ ဖာပွန်ဗျူဟာထဲ အကြမ်းဖက်သမားတွေ ချခဲ့တဲ့ Drop Bomb ၂၀ ကျော်က ထိရောက်မှု မရှိခဲ့သလို ၆၀ မမ ၄၀ မမ တွေဟာလည်း အချည်းအနှီးသာ ဖြစ်ခဲ့တယ်။

Drop Bomb တွေချ၊ RPG တွေ၊ လက်နက်ကြီးတွေပစ်ပြီး တက်လုံးဖို့ ကြိုးစားလာတဲ့ ရန်သူအတွက် အမ်အေ-7၊ အမ်အေ-8၊ ၁၂၀ မမတို့က မိုးခြမ်းသံမပါပဲ မပြည့်မစုံရွာနေတဲ့ မိုးအတွက် မိုးခြိမ်းသံထည့်ပေးနေသလား မှတ်ရပါတယ်။

လေသူရဲတို့ကလည်း Jet Fighter ၃ စီး နဲ့ ရွာနေတဲ့မိုးကို ပိုပြည့်စုံသွားအောင် လျှပ်စီးလျှပ်ပန်းတွေ ထည့်ပေးနေသလား ထင်မှတ်ရ။

ခမရ(၃၄၀) ခံစစ်ကို မထိုးဖောက်နိုင်တဲ့ ရန်သူတွေအနေနဲ့ သူတို့ရဲ့ ဒဏ်ရာရတဲ့သူတွေကို တက်ဆွဲချနေရတာနဲ့ပဲ အချိန်ကုန်သွားခဲ့ပါတယ်..ပင်မဂိတ်ကို ထိုးဖောက်ဖို့လုပ်နေတဲ့ ရန်သူတွေလည်း အင်အား ဖြည့်မလောက်နဲ့ အချိန်ကုန် လူပင်ပန်းသာ ဖြစ်ခဲ့ရပါတယ်။

ခမရ(၃၄၀)ရဲ့ ခုခံစစ်အခြေအနေကို သုံးသပ်ရမယ်ဆိုရင်
ပထမအချက်အနေနဲ့ ရရှိတဲ့သတင်းကို အတည်ပြုပြီးလက်တွေ့ကျကျ အကောင်ထည်ဖော် ဆောင်ရွက်သွားတယ်လို့ မြင်မိပါတယ်။

ဒုတိယအချက်အနေနဲ့ ခံစစ်မှာ အရေးကြီးဆုံးဖြစ်တဲ့ သူရဲကောင်း အရာရှိ စစ်သည်များရဲ့ ပင်ပန်းဆင်းရဲမှုဒါဏ်ကို အံတုပြီး ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ခဲ့တဲ့ အတုယူလေးစားဖွယ်ရာ စိတ်ဓာတ်ပါ။
ဒီစိတ်ဓာတ်ကြောင့်သာ ခံစစ်ဆိုတာကြီးကို ပေါ်လွင်သွားစေတာပါ..
ဖာပွန်ဗျူဟာရဲ့ လက်နက်ကြီးပစ်ကူပေးမှု ထိရောက်ခဲ့တာလည်း ချီးကျူးစရာပါ။

ဒီအချက်များကြောင့်ပဲ ခမရ(၃၄၀)ရဲ့ တစ်နေကုန် ခံစစ်မှာ အကျိုးအမြတ်များစွာ ရရှိစေခဲ့တာပါ။
စိတ်မကောင်းစရာ တစ်ခုကတော့ ခမရ(၃၄၀)ရဲ့ ခံစစ်မှာ အားထားရာ စစ်သည် ၃ ဦးကတော့ နိုင်ငံတော်နဲ့ တပ်မတော်အတွက် အသက်ပေးလှူသွားခဲ့ရပါတယ်။
တပ်ရင်းကို ရန်သူ့လက်ထဲအပါမခံပဲ ခုခံကာကွယ်နိုင်ခဲ့တဲ့အတွက် ရဲဘော်တို့လည်း တမလွန်ကနေ ဂုဏ်ယူနေလိမ့်မယ်လို့ ထင်ပါတယ်။

အနှစ်ချုပ်ပြောရရင် ခံစစ်ကောင်းရင် တိုက်စစ်အတွက် အလကားဆိုတာပါပဲ..
အကျိုးအမြတ်ကိုပဲ တွက်ကြည့်ပါ။
ရန်သူ အယောက် ၃၀ ကျော် ဒဏ်ရာရတယ်(လက်ဝယ်မရ)
အကြမ်းဖက် KNLA/PDF အလောင်း ၁၅ လောင်းနဲ့ လက်နက်မျိုးစုံ ၁၂ လက် ရရှိတယ်(လက်ဝယ်ရ)။
ခံစစ်က အကျိုးအမြတ် ပိုများတာဖြစ်တဲ့အတွက် အောင်မြင်တဲ့ ခံစစ် ဖြစ်သွားခဲ့ပါပြီ..

ဒါကြောင့်မို့ ” ဖာပွန် ခမရ(၃၄၀)ရဲ့ ဗျူဟာမြောက်အောင်ပွဲ “ဆိုတဲ့ ဆောင်းပါးအတိုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ် ခင်ဗျာ။

မွန်/ကရင် ဒေသ မိုးများနေတဲ့အချိန်မှာ နိုငိငံတော် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်နေတဲ့ ရဲဘော်ရဲဘက်အပေါင်းကို လေးစားဂုဏ်ယူလျက်။