Supervisor Level Industrial Engineering(IE)နည်းပညာသင်တန်းဖွင့်လှစ်မည်


(ပြည်တွင်း) ဇူလိုင် ၂၄

Supervisor Level Industrial Engineering(IE) နည်းပညာသင်တန်း အမှတ်စဉ်(၈၁)ကို ရန်ကုန်မြိုမှာ ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

အဆိုပါ နည်းပညာသင်တန်းကို ဇူလိုင်လ ၂၉ ရက်မှ ဩဂုတ်လ ၉ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပြီး သင်တန်းတွင် ကမ္ဘာတစ်ဝန်းရှိ အထည်ချုပ်လုပ်ငန်း များ၏ လက်ရှိအခြေအနေနှင့် Line Balance အရေးကြီးပုံ၊ စီမံခန့်ခွဲသူ၏ အခန်းကဏ္ဍများအကြောင်း၊ ထုတ်လုပ်မှုဒီဇိုင်းများ၊ အဝတ်အထည်များ ထုတ်လုပ် စဉ်ကို ခွဲခြမ်းစိတ်ဖြာခြင်း၊ လုပ်ငန်းလည်ပတ်မှုနှုန်းများ၊ ချည်မျှင်နှင့်သက်ဆိုင်သည့် ဗဟုသုတများ လက်တွေ့ကွင်းဆင်းလေ့လာခြင်းတို့ကို အတွေ့အကြုံရှိသည့် ဆရာမများက သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အဆင့်မြင့်မော်တာစက်ချုပ်သင်တန်း (Advanced Sewing Machine Operator Training) အမှတ် စဉ်(၇)ကိုလည်း ဇွန်လ ၂၄ ရက်မှ ဇူလိုင်လ ၅ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါသင်တန်းမှာလည်း အထည်များ၏ အစိတ်အပိုင်းများဖြစ်တဲ့ အိတ်ဖုံး၊ ခရုပတ်၊ ပခုံးဒေါက်၊ အိတ်ကပ်၊ ဖောက်အိတ် ပုံစံအမျိုးမျိုး၊ ရိုးရိုးဇစ်တပ်နည်း၊ ဇစ်ပျောက်တပ်နည်း၊ အမျိုးသားဝတ်ဂျာစီ(သင်္ဘောသားလျှာချုပ်နည်း)၊ ရှပ်အင်္ကျီလက်ရှည်တစ်လုံးချုပ်နည်း၊ ခါးပတ်ပါသည့် A Skirt တစ်ထည်လုံးချုပ်နည်းများနှင့် အထူးစက်ချုပ်နည်းခြောက်မျိုး တိုကို သင်ကြားပိုချပေးခဲ့ပါ တယ်။

Supervisor Level Industrial Engineering(IE) နည်းပညာသင်တန်းကို တက်ရောက်လိုသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးစင်တာ(MGHRDC)အမှတ် ၄၀၀/ဘီ၊ အောက်မင်္ဂလာဒုံလမ်းမကြီး၊ အင်းစိန်မြိုနယ် ဖုန်း-ဝ၉-၉၄၀၈၅၈၃၅၀၊ ဝ၉-၄၅ဝ၇၂၃၂၆၂၊ ဝ၉-၄၀၃ ၉၁၂၅၇၀၊ ၀၉-၇၈၄ဝ၈၅၇၉၄ နှင့် ဝ၉-၉၅၂၈ဝ၂၆၃၅ တိုသို ဆက်သွယ်စာရင်းပေးသွင်းကာ တက်ရောက်နိုင်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ