Myanmar National Airlines Monsoon Travel Fair 2024 ကျင်းပမည်


(ပြည်တွင်း) ဇူလိုင် ၂၄

မြန်မာအမျိုးသားလေကြောင်း၏ Myanmar National Airlines Monsoon Travel Fair 2024 ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်၊ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်မြိုရှိ Myanmar Plaza Promotion Area မှာ စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

အဆိုပါပွဲအတွင်းမှာ မြန်မာအမျိုးသားလေကြောင်းမှ ပျံသန်းပြေးဆွဲလျက်ရှိနေတဲ့ ပြည်တွင်းလေယာဉ် လက်မှတ်များအား 10% Discount၊ ပြည်ပလေယာဉ် လက်မှတ်များအား 15% Discount နှင့် လက်မှတ် ၁၀ စောင် ဝယ်ယူပါက လက်မှတ် ၁ စောင် လက်ဆောင်ရရှိမယ့် Buy 10 Get 1 Free Promotion အစီအစဉ်များဖြင့် ရောင်းချပေးသွားမှာဖြစ်ပြီး Lucky Draw အစီအစဉ်အနေဖြင့် ငွေကျပ် ၈ သိန်းနှင့်အထက် လက်မှတ်ဝယ်ယူသူများအတွက် (ဗလာမပါ) MNA တံဆိပ်ပါရှိသော ကံစမ်းမဲဆုလက်ဆောင်များ၊ ငွေကျပ် သိန်း ၂၀ နှင့်အထက် လက်မှတ်ဝယ်ယူသူ များအတွက်လည်း အသွားအပြန် လေယာဉ်လက်မှတ်များကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

Myanmar National Airlines Monsoon Travel Fair 2024 အခမ်းအနားတွင် တရားဝင်အရောင်းကိုယ်စား လှယ်များဖြစ်တဲ့ 7 Diamond Travels and Tours၊ Columbus Travelsı Flymya Tech၊ Lucky Treasure Travelsı Maing Fong Travelsı Nice Fare Travelı Oway Travel၊ Sun Far Travels and Tours၊ Tori Travel နှင့် YOLO Travel4U တိုမှ မြန်မာအမျိုးသားလေကြောင်းလက်မှတ်များကို ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် Burma Bistro မှလည်း အခမ်းအနားတက်ရောက်သူများအတွက် မုန့်နှင့် ဖျော်ရည်များအား အခမဲ့ တည်ခင်းကျွေးမွေးကာ ပါဝင်ကူညီအားဖြည့်သွားမှာြ ဖစ်သလို ညနေ ၄ နာရီအချိန်မှာ ဖျော်ဖြေရေးအစီအစဉ် များလည်း စီစဉ်ထားရှိကာ တေးသံရှင် ပိုပို က အဆိုအကများနှင့် ဖျော်ဖြေတင်ဆက်သွားမယ်လို့ သိရ ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ