၆ လအတွင်း တောင်ကိုရီးယားနိုင်ငံသို EPS လုပ်သား ၅,၀၀၀ ကျော်စေလွှတ်ထား


(ပြည်တွင်း) ဇူလိုင် ၂၄

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် လုပ်သား ၁၁,၀၀၀ ခန့်ကို ရွေးချယ် ခေါ်ယူ စေလွှတ်သွားမှာဖြစ်ပြီး ဇန်နဝါရီလမှ ဇွန်လအတွင်းမှာ ကိုရီးယားသမ္မတနိုင်ငံသို EPS စနစ်ဖြင့် လုပ်သား ၅,၀၀၀ ကျော် စေလွှတ်ထားပြီးဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို လုပ်သား ၁၀,၆၁၁ ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ EPS TOPIK စာမေးပွဲပထမအဆင့် အောင်မြင်သူများကို ကြေညာထားရှိပြီး ဒုတိယ အဆင့်အနေဖြင့် အခြေခံကျွမ်းကျင်မှု စမ်းသပ်စစ်ဆေး ခြင်း(Skills Test) ခံယူရမည်ဖြစ်ပြီး ဖြေဆိုသူများရရှိသည့် စုစုပေါင်းရမှတ် အများအနည်းအလိုက် အောင်မြင်မှုနှုန်းသတ်မှတ်ချက်အရ အပြီးသတ် အောင် စာရင်း ထုတ်ပြန် သွားမယ်လို့ အသိပေးထားပါတယ်။

အခြေခံကျွမ်းကျင်မှု စမ်းသပ်စစ်ဆေးခံရန် လျှောက်လွှာတင်သွင်းရာမှာ လျှောက်ထားသည့်လုပ်ငန်းနှင့် သက်ဆိုင်တဲ့ နိုင်ငံအဆင့်ကျွမ်းကျင်မှုလက်မှတ် အသက် မွေးဝမ်းကျောင်းသင်တန်း အောင်လက်မှတ်နှင့် လုပ်ငန်း အတွေ့အကြုံ တစ်နှစ်နှင့်အထက်ရှိသူများသည် သက်ဆိုင်ရာအထောက်အထားများ ပူးတွဲတင်ပြရမှာဖြစ်ပြီး လုပ်ကိုင်နိုင်မှု အရည်အသွေးစစ်ဆေးမှု ပြုလုပ်မှာဖြစ်တာကြောင့် သင်တန်းအောင်လက်မှတ်နှင့် လုပ်ငန်းအတွေ့အကြုံ မရှိပါက ပူးတွဲတင်ပြရန်မလိုအပ်ကြောင်း ပြောကြားထားပါတယ်။

ယခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံသို့ ဝန်ဆောင်မှုကဏ္ဍအတွက် အမျိုးသမီးများကိုလည်း ပထမဦးဆုံး အကြိမ် စေလွှတ်နိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ