မြေပြိုဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန် အသိပေး


(ပြည်တွင်း) ဇူလိုင် ၂၄

နှစ်စဉ် ဇွန်လမှ ဩဂုတ်လများတွင် မြေပြိုဘေးအန္တရာယ်အဖြစ်များပြီး ကျန်ကာလများတွင်လည်း ရံဖန်ရံခါ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရကြောင်းနှင့် မြေပြိုသည့် ဘေးအန္တရာယ်ကြောင့် ပစ္စည်းဥစ္စာဆုံးရှုးမှု အလွန်နည်းပါးသော်လည်း လူသေဆုံးမှု၊ ထိခိုက်/ဒဏ်ရာရရှိမှု များပြားလှသည့် ဘေးအန္တရာယ်တစ်ခုတာကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကြိုတင်သတိပြုကာကွယ်နိုင်ရန် အသိပေး ထုတ်ပြန်ထားပါတယ်။

မြေပြိုဘေးကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြေပြိုဘေးဖြစ်ပွားမှု ၂၆ ကြိမ်ဖြစ်ပွားခဲ့ပြီး နေအိမ်အဆောက်အဦပေါင်း ၃၆ လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် လူသေဆုံး ၄၄ ဦး၊ ထိခိုက်/ ဒဏ်ရာရရှိသူ ၁၂ ဦးအထိ ရှိခဲ့ပါတယ်။

ဒါကြောင့် ပြည်သူများအနေဖြင့် မြေပြိုဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုးမှုများ လျော့နည်းသက်သာစေရန် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်လျက်ရှိနေပါတယ်။

သဘာဝဘေးအန္တရာယ်များနှင်ပတ်သက်၍ သိရှိလိုပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနတွင် ၂၄ နာရီဖွင့်လှစ်ထားရှိသည့် Hot-Line ဖုန်းများဖြစ်တဲ့ ၀၆၇-၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ တိုသို ဆက်သွယ်ကာ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ