မအောင်မြင်တဲ့ ထရမ့်လုပ်ကြံခံရမှုအတွက် အမေရိကန် အထူးတပ်ဖွဲ့ခေါင်းဆောင်နှုတ်ထွက်


(နိုင်ငံတကာ) ဇူလိုင် ၂၄

အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအပြီးတွင် အမေရိကန် အထူးတပ်ဖွဲ့(secret service)၏ ညွှန်ကြားရေးမှူး Kimberly Cheatle ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

မအောင်မြင်သည့် လုပ်ကြံမှုအပြီးတွင် ရီပတ်ဘလီကန်နှင့် ဒီမိုကရက်တစ်လွှတ်တော်အမတ်များမှ Cheatle အား လွှတ်တော်ကြားနာမှုအပြီးတွင် ရာထူးမှနှုတ်ထွက်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

Cheatle က “မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တွေကြောင် ဒီရာထူးက နှုတ်ထွက်ဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ငါချခဲ့တယ်”ဟုဆိုသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လစ်လပ်သွားသည့် Cheatle နေရာအတွက် ခေါင်းဆောင်တစ်ဦးကို မကြာခင် ခန့်အပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ