မလေးရှားနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် သွားရောက်မည့် မြန်မာ ၈၄ ဦးကို ထိုင်းနိုင်ငံတွင် အဖမ်းခံရ


(နိုင်ငံတကာ) ဇူလိုင် ၂၄

မလေးရှားနိုင်ငံသို့ တရားမဝင် အလုပ်လုပ်ကိုင်ရန် သွားရောက်မည့် မြန်မာနိုင်ငံသား ၈၄ ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရကြောင်း ထိုင်း သတင်းဌာနများမှ ရေးသား ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၊ ဖစ်ဘူရီခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖမ်းဆီးခံရမှုတွင် အမျိုးသား ၇၃ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၂ ဦး ပါဝင် ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ တရားမဝင် သွားရောက်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် တစ်ဦးလျင် ဘတ်ငွေ ၅ သောင်း ၆ သောင်းအထိ ပေးချေခဲ့ရကြောင်း သိရသည်။

Webpage »…
https://positiveanglenews.com/2024/07/23/သမ္မတ-ရွေးကောက်ပွဲ-ပါဝင်/

VK Link>>…
https://vk.com/wall-220066330_7254

Telegram»…
https://t.me/positiveanglenews

PAN

SZ