မန်ယူအသင်းဟာ PSG အသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန် ကို ယူရိုသန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့


(အားကစား) ဇူလိုင် ၂၄

မန်ယူအသင်းဟာ PSG အသင်းမှ နယ်သာလန်တိုက်စစ်ကစားသမား ဇာဗီဆိုင်မွန် ကို ယူရိုသန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရန်စီစဉ်နေပြီး ဆန်ချို ကို ပြန်လည်ရောင်းထုတ်ရန်လည်း နီးစပ်နေကြောင်း သိရပါတယ်။

ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းအနေနဲ့ ဘိုလော့ဂ်နာအသင်းမှ နယ်သာလန် တိုက်စစ် ကစားသမား ဇက်ဇီ နှင့် လိုင်လီအသင်းမှ ပြင်သစ်နောက်ခံလူ ယိုဟို တို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။

ယခုနောက်ထပ် ကစားသမားတစ်ဦးဖြစ်တဲ့ အသက် ၂၁ နှစ်အရွယ် PSG အသင်းမှ နယ်သာလန်တိုက်စစ် ကစားသမား ဇာဗီဆိုင်မွန် ကို မန်ယူအသင်းက ခေါ်ယူရန်ပစ်မှတ်ထားနေရာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းရန်စီစဉ်နေကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။

ဇာဗီဆိုင်မွန် ဟာ PSG အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီ၌ လိုက်ပ်ဇစ်အသင်းမှာ အငှားသွားရောက် ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သလို ယူရို-၂၀၂၄ ပြိုင်ပွဲတွင်လည်း နယ်သာလန် အသင်းအတွက် ခြေစွမ်းပြကစားခဲ့ တာကြောင့် မန်ယူအသင်းက စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။

PSG အသင်းကလည်း မန်ယူအသင်းမှ ကစားသမားများကို ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပေါ်တူဂီ ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် နှင့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချို တို့ကို အဓိကပစ်မှတ်ထား နေကြောင်း သိရပါတယ်။

အဆိုပါ ကစားသမားများ အပြောင်းအရွှေ့လှုပ်ရှားမှုများကို မန်ယူအသင်းအနေနဲ့ ဇူလိုင် လ အတွင်း အပြီးသတ်နိုင်ရန် ပစ်မှတ်ထား ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ