နော်စီဖိုးရာစိန်သေဆုံး


(ပြည်တွင်း) ဇူလိုင် ၂၄

ကရင်အမျိုးသားအစည်းအရုံး (KNU)၏ ဒုတိယဥက္ကဋ္ဌ ဟောင်းလည်းဖြစ် KNU ခေါင်းဆောင်များအတွင်းတွင် သဘောထားတင်းမာသူလည်း ဖြစ်သည့် အသက် (၆၉)နှစ်အရွယ် နော်စီဖိုးရာစိန်သည် ယနေ့ ဇူလိုင်လ (၂၄)ရက် မွန်းလွဲ (၂)နာရီ (၂၁)မိနစ်တွင် သားအိမ်ကင်ဆာကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့စလိယန်းမြို့ နေအိမ်တွင် သေဆုံးသွားကြောင်း သိရသည်။

နော်စီဖိုးရာစိန်သည် ကရင် အမျိုးသား အစည်းအရုံး၏ ဒုတိယဥက္ကဋ္ဌနှင့် ကရင်လူမျိုး နိုင်ငံရေးလှုပ်ရှားသူတစ်ဦး ဖြစ်သည်။

နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်တွင် ကရင်ပြည်နယ်၌ မွေးဖွားခဲ့ပြီး ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံသို့ ခိုလှုံရောက်ရှိခဲ့သည်။

၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကရင်အမျိုးသမီး ဒုက္ခသည်များအား အကူအညီများ ဆောင်ရွက်ပေးသည့် ကရင်အမျိုးသမီး အစည်းအရုံးတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။

KNU စစ်ဦးစီးချုပ်ဟောင်း ဖြစ်ဖူးသည့် ဗိုလ်ချုပ်ကြီး တာမလာဘော၏ သမီးဖြစ်သူ နော်စီဖိုးရာစိန်သည် KNU အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး၊ ဒုတိယဥက္ကဋ္ဌ နေရာအထိ တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ