နာဒယ် ကိုအနိုင်ယူပြီး ဆွီဒင်အိုးပင်းဖလားကို ဘော်ဂတ်စ် ဆွတ်ခူး


(အားကစား) ဇူလိုင် ၂၄

ဆွီဒင်အိုးပင်းတင်းနစ်ပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ကမ္ဘာ့အဆင့်(၅၁)ရှိ တင်းနစ်ကစားသမား နူနိုလေ ဘော်ဂတ်စ် က နာမည်ကြီးတင်းနစ်ကစားသမား ရာဖေးလ်နာဒယ် ကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ဆုဖလား ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲစဉ်တွင် ပေါ်တူဂီတင်းနစ်ကစားသမား ဘော်ဂတ်စ် အနေနဲ့ စပိန်တင်းနစ်ကစားသမား နာဒယ် ကို ၆-၃၊ ၆-၂ ဖြင့် အနိုင်ရရှိကာ ဆွီဒင်အိုးပင်းဖလားကို ထိုက်တန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဘော်ဂတ်စ် အနေနဲ့ ဆွီဒင်အိုးပင်းပြိုင်ပွဲ ကွာတားဖိုင်နယ်နှင့် ဆီမီးဖိုင်နယ် တိုတွင် ပြိုင်ဘက် ကာဇက် စတန် တင်းနစ်ကစားသမား စခါကော့ဗ် နှင့် အာဂျင်တီးနားတင်းနစ်ကစားသမား သီယာဂို အော်ဂတ်စတင် တို့ကို နှစ်ပွဲပြတ် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ