ချင်းတရားလွှတ်တော်ရုံး မီးလောင်

(မှုခင်း) ဇူလိုင် ၂၄

ချင်းပြည်နယ်၊ ဟားခါးမြို့တွင်ရှိသော ပြည်နယ်တရားလွတ်တော်ရုံးတွင် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၁ နာရီခန့်က မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟားခါးမြို့တွင်ရှိသော ပြည်နယ်တရားလွတ်တော်ရုံး အဆောက်အဦမှာ အုတ်ညှပ်ဖြစ်ပြီး ရုံးအဆောက်အဦအဟောင်းလည်းဖြစ်ကြောင်း သိရသည်။

ရုံး၏ အနောက်ဖက်တွင် ဝန်ထမ်းတန်းလျားများရှိပြီး ရုံးတစ်ခုသာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ရုံးဝန်းပတ်လည် ခြံစည်းရိုးကို မကြာမီကပင် အုပ်တံတိုင်းအမြင့် ကာရန်ထားပြီး အုပ်တံတိုင်းပေါ်တွင် လုံခြုံရေး သံစူးကြိုးကာရန်ထားခြင်းကြောင့် ပြင်ပမှ ဝင်ရောက်ရန် မလွယ်ကူဘဲ အဝင်တံခါးနေရာမှသာ ရုံးအဆောက်အဦကိုပြင်ပမှ မြင်တွေ့နိုင်ဟည်ဟုလည်း အဆိုပါဒေသခံမှ ပြောသည်။

ယခုမီးလောင်မှုအတွင်း လူထိခိုက်မှုမရှိပဲ ရုံးတွင်း စာရွက်စာတမ်းနှင့် ရုံးပရိဘောဂပစ္စည်းများ ဆုံးရှုံးခဲ့ရပြီး အသေးစိတ်အချက် အလက်များတော့ သတင်းဌာအနေဖြင့် စုံစမ်းဆဲဖြစ်သည်။

#PAN