Vitamin D ဓာတ် ချိုတဲ့ခြင်းရဲ့ လက္ခဏာများ (အပိုင်း ၁)


(ကျန်းမာရေး) ဇူလိုင် ၂၃


ဗီတာမင်ဒီဓာတ် ချိုတဲ့နေရင် သင့်ခန္ဓာကိုယ်မှာ နာကျင်ကိုက်ခဲမှုတွေ ရှိနေတတ်ပါတယ်။ ဗီတာမင်ဒီ က အရိုးများရဲ့ အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဒီအာဟာရဓာတ်က သွေးထဲတွင် ကယ်လ်စီယမ်နဲ့ ဖော့စဖရပ်စ်အဆင့်ကို ထိန်းညှိပေးတာကြောင့် ဖြစ်ပါတယ်။ သွေးထဲမှာ ဗီတာမင်ဒီဓာတ် ချိုတဲ့နေပါက အရိုးများကို အားနည်းစေပြီး အရိုးများကို ပျော့စေပါတယ်။ ဒါ့အပြင် သွေးထဲမှာ ဗီတာမင်ဒီ ပမာဏ ကျဆင်းနေသူတွေက ပေါင်နဲ့ ကြွက်သားများ နာကျင် ကိုက်ခဲခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ ဒီအခြေအနေမှာ ကယ်လ်စီယမ်ပမာဏကို ထိန်းမထားတာကြောင့် ကြွက်သားများ ကျုံသွားနိုင်ပါတယ်။ အဲ့ဒီလို ဖြစ်နေတဲ့ လူတွေက ထိုင်နေရာမှထရန် သိုမဟုတ် လေးလံတဲ့ ပစ္စည်းများကို သယ်ဆောင်ရာမှာ မကြာခဏ အခက်အခဲကြုံတွေ့ရတတ်ပါတယ်။
အထူးသဖြင့် ကလေးငယ်တွေမှာ မကြာခဏ ချွေးအရမ်းထွက်ခြင်းက ဗီတာမင်ဒီဓာတ် ချိုတဲ့နေတဲ့ လက္ခဏာ ဖြစ်ပါတယ်။ အဲဒါမျိုးကလည်း Hyperthyroidism လိုဆိုတဲ့ အခြေအနေတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ တစ်ချိန်လုံး ချွေးအလွန်အကျွံထွက်နေရင် သင့်ခန္ဓာကိုယ်က အာဟာရဓာတ် လုံလောက်စွာ မရတာကြောင့် ဖြစ်ပါတယ်။
ဗီတာမင်ဒီ ချိုတဲ့ရင် ပိုးဝင်လွယ်ပြီး ရောဂါပိုးများ ကူရလွယ်တတ်ပါတယ်။ တုပ်ကွေးနဲ့ အအေးမိခြင်းက ဗီတာမင်ဒီဓာတ် ချိုတဲ့နေတဲ့ သူတွေမှာ ပိုအဖြစ်များပါတယ်။ ဒီချိုတဲ့မှုက နာတာရှည်ရောင်ရမ်းမှုအခြေအနေများရဲ့ အကျိုးဆက်ဖြစ်ပါတယ်။ သွေးထဲမှာ ဗီတာမင် D လုံလောက်စွာ ရှိနေသူများက rheumatoid arthritis၊ type 1 diabetes mellitus နဲ့ multiple sclerosis ဖြစ်နိုင်ခြေ နည်းပါးကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် နာတာရှည် ကျောက်ကပ်ရောဂါဟာ သင့်သွေးထဲတွင် ဗီတာမင် D ချိုတဲ့မှုကို ဖြစ်စေနိုင်ပါတယ်။
လုံလောက်တဲ့ ဗီတာမင်ဒီဓာတ် ပမာဏမရှိရင် pigment ဖွဲစည်းမှုဖြစ်စဉ်ကိုလည်း ထိခိုက်စေပါတယ်။ အရမ်းနက်မှောင်နေတဲ့ pigmented ဖြစ်နေတဲ့ သူများရဲ့ အရေပြားက သင့်လျော်တဲ့ နေရောင်ခြည်ကို စုပ်ယူရန် ခက်ခဲတာကြောင့် အဲ့ဒီချိုတဲ့မှု ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဗီတာမင် D ချိုတဲ့ခြင်းနဲ့ ဆက်နွယ်နေတဲ့ အခြေအနေတွေဖြစ်တဲ့ နှလုံးသွေးကြောဆိုင်ရာ ဝေဒနာတွေ၊ ဆီးချိုရောဂါနဲ့ အရေပြားကင်ဆာတွေဟာ အသားမည်းတဲ့သူတွေမှာ ပိုအဖြစ်များပါတယ်။ အဲဒီလူတွေဟာ ဒီအာဟာရဓာတ်တွေပါဝင်တဲ့ အစားအသောက်တွေကို ပိုပြီး လိုက်လျောညီထွေဖြစ်အောင် စားသောက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့ပေးပါ။
သွေးထဲမှာ ဗီတာမင်ဒီဓာတ် လုံလောက်စွာ မရရှိတဲ့အခါမှာ သင့်ဗဟိုအာရုံကြောစနစ်ကို ထိခိုက်တတ်ပါတယ်။ အဲ့ဒီ အခြေအနေမျိုးတွေမှာ စိတ်ဓာတ်ကျတာတွေဟာ အဖြစ်များတတ်ပါတယ်။ ဦးနှောက်အတွင်းရှိ serotonin ဓာတ် ပမာဏ နည်းပါးခြင်းက စိတ်ဓာတ်ကျခြင်းနဲ့ အလွန်ဆက်စပ်နေပါတယ်။ အဲ့ဒါကြောင့် စိတ်ဓာတ်ကျခြင်းက လူမှုရေးဖိအားများနဲ့ စိတ်ပိုင်းဆိုင်ရာ ချိုယွင်းမှုများရဲ့ အကျိုးဆက်သာမက အာဟာရချိုတဲ့ခြင်းရဲ့ အကျိုးဆက်ပါဖြစ်နိုင်ကြောင်းလည်း သတိပြုသင့်ပါတယ်။
သင့်ရဲ့ ကြွက်သားတွေ အားနည်းနေရင် ဗီတာမင် D ချိုတဲ့တာ ဖြစ်နိုင်ပါတယ်။ သင့်ကြွက်သားများ အားရှိဖိုအတွက် calcium ဓာတ် လိုအပ်ပါတယ်။ Calcium ဓာတ်ချိုတဲ့ခြင်းက အခြေအနေ အမျိုးစုံမှာ ဖြစ်ပွားနိုင်ပါတယ်။ ၎င်းထဲက တစ်ခုမှာ ခန္ဓာကိုယ်ရှိ ဗီတာမင် D ပမာဏ မလုံလောက်ခြင်းကြောင့် ဖြစ်ပါတယ်။ အဲ့ဒီလိုဖြစ်ခြင်းက မကြာခဏ ကြွက်သားများ ကိုက်ခဲခြင်းနဲ့ အားနည်းခြင်းတို ဖြစ်စေပါတယ်။ အဲ့ဒါကြောင့် ကယ်လ်စီယမ်ဓာတ် ပါဝင်တဲ့အစားအသောက်ကို မှန်ကန်စွာ စားသုံးခြင်းဖြင့် ဗီတာမင်ဒီ ပါဝင်တဲ့ အစားအသောကများကို စားသုံးရန်လည်း အရေးကြီးပါတယ်။
အကယ်၍ သင်ဟာ အဝလွန်နေရင်လည်း ဗီတာမင်ဒီ ဓာတ် ချိုတဲ့နိုင်ပါတယ်။ လေ့လာမှုများအရ ဗီတာမင်ဒီဓာတ် နည်းပါးတဲ့ အဆင့်က အင်ဆူလင်ခံနိုင်ရည် နဲ့ အဝလွန်ခြင်းကြားမှာ ဆက်စပ်မှုရှိနေတာကိုလည်း တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် ဗီတာမင်ဒီဓာတ် ချိုတဲ့ရင် အစာချေဖျက်ရန် အခက်အခဲရှိပါတယ်။ ဗီတာမင်ဒီ ပမာဏနည်းပါးခြင်းက အစာအိမ်မှ အစာစွန့်ထုတ်ခြင်းကို နှောင့်နှေးစေပြီး ဝမ်းချုပ်ခြင်းစတဲ့ လက္ခဏာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် ဗီတာမင်ဒီဓာတ် ပါဝင်တဲ့ အစားအသောက်ကို စားသုံးရန် အရေးကြီးပါတယ်။

အိုမင်းခြင်းက ဗီတာမင်ဒီဓာတ် ချိုတဲ့ခြင်းရဲ့ လက္ခဏာမဟုတ်သော်လည်း အသက်ကြီးလာတဲ့အခါမှာ ဗီတာမင်ဒီ ဓာတ်ထုတ်လုပ်မှုက လျော့နည်းသွားစေပါတယ်။ သက်ကြီးရွယ်အိုများမှာ ဒီအာဟာရဓာတ်မလုံလောက်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းများ အမျိုးမျိုးရှိပါတယ်။ အစားအသောက် လျှော့စားခြင်း၊ နေရောင်ခြည်နဲ့ ထိတွေ့မှုနည်းခြင်း၊ အရေပြားပျက်စီးလွယ်ခြင်း၊ အူလမ်းကြောင်းလုပ်ဆောင်ချက်များ ချိုယွင်းလာခြင်းနှင့် အသည်းနဲ့ ကျောက်ကပ် လုပ်ဆောင်ချက်များကို လျော့ကျခြင်းတိုကြောင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သက်ကြီးရွယ်အိုများမှာ ဗီတာမင် D ချိုတဲ့နေတဲ့ လက္ခဏာများ တွေ့ရှိပါက ကုသခြင်းမြန်မြန်ခံယူပေးပါ။

Telegram»…
https://t.me/positiveanglenews

PAN

SZ