MNDAA ယာယီဌာနချုပ်ကို ဗုံးကြဲတိုက်ခိုက်ထပ်မံပြုလုပ်


(ပြည်တွင်း) ဇူလိုင် ၂၃

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက်ရှိ ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူ MNDAA မှ ယာယီဌာနချုပ်နေရာအဖြစ် အသုံးပြုနေသောနေရာအား တပ်မတော်တိုက်လေယာဥ်များမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လောက်ကိုင်မြို့တွင်ရှိသော ပြည်သူများ၏ သတင်းပေးချက်အရ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းက MNDAA အကြမ်းဖက်သောင်းကျန်းသူများ နေထိုင်တဲ့ နေရာအား တပ်မတော်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဗုံကြဲတိုက်ခိုက်မှုကြောင့် MNDAA အကြမ်းဖက်သောင်းကျန်းသူအများအပြား ထိခိုက်သေဆုံးမှုများခဲ့သည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ