အိန္ဒိယ၊ ပြည်ပရေးရာဝန်ကြီးတောင်းဆိုသည့် အိန္ဒိယနိုင်ငံသားများ ပြန်လည်လွတ်မြောက်


(ပြည်တွင်း) ဇူလိုင် ၂၃

အိန္ဒိယပြည်ပရေးရာဝန်ကြီးမှ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေအား ပြီးခဲ့သည့်လက နယူးဒေလီမြို့မှာ လက်ခံတွေ့ဆုံစဥ်တောင်းဆိုခဲ့သည့် မြဝတီတွင် ပိတ်မိနေသော အိန္ဒိယနိုင်ငံသားများအား ‌နေရပ်ကို မြန်မြန်ပြန်နိုင်ရေး တောင်းဆိုမှုအပြီး အိန္ဒိယနိုင်ငံသားအချို့လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ကရင်ပြည်နယ် မြဝတီမြို့ ရွှေကုက္ကိုမြို့သစ်တွင်ပိတ်မိနေသော အိန္ဒိယနိုင်ငံသား ၁၁ ဦး ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံးက အတည်ပြုထုတ်ပြန်ခဲ့သည်။

ယင်း အိန္ဒိယနိုင်ငံသား ၁၁ ဦးမှာ ရွှေကုက္ကိုမြို့တွင်လိမ်လည်လှည့်ဖြားခံရပြီး ပိတ်မိနေသည့်အတွက် မြန်မာအာဏာပိုင်များနှင့် ဒေသခံများ၏ အကူအညီများဖြင့် လွတ်မြောက်ခဲ့ခြင်ဖြစ်ကြောင်း အိန္ဒိယသံရုံး၏ ပြောဆိုချက်အရ သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား ၁၁ ဦးကို နေရပ်ပြန်ပို့နိုင်ရေး စတင်လုပ်ဆောင်နေပြီး လွတ်မြောက်လာသူတွေထဲမှာ အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၂ ဦး ပါဝင်နေသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ