သမ္မတ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်ကို စွန့်လွှတ်ကြောင်း သမ္မတဂျိုးဘိုင်ဒင်ပြောကြား


(နိုင်ငံတကာ) ဇူလိုင် ၂၃

လာမည့် နိုဝင်ဘာလ ၅ ရက်တွင် ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်ကို စွန့်လွှတ်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဇူလိုင်လ ၂၂ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

ဇွန်လအတွင်း ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲ အကြိုစကားရည်လုပွဲ၌ ပြိုင်ဘက်ဖြစ်သူ ဒေါ်နယ်ထရမ့်ကို အရေးနိမ့်ခဲ့ပြီးနောက် သမ္မတရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်ကို စွန့်လွှတ်ရန် သမ္မတ ဂျိုးဘိုင်ဒင် က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သမ္မတအနေဖြင့် ဒီမိုကရက်တစ်ပါတီ၏ အကျိုး၊ အမေရိကန်ပြည်သူတို့၏ အကျိုးအတွက် သမ္မတ ရွေးကောက်ပွဲ ထပ်မံယှဉ်ပြိုင်မည်မဟုတ်ကြောင်း လူမှုကွန်ရက် တွင် ထုတ်ပြန်ထားသည့် ၎င်း၏ ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ပြင် နိုဝင်ဘာလ ၅ ရက် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ဒုတိယသမ္မတ ကာမာလာဟားရစ် ကို ထောက်ခံကြောင်းလည်း သမ္မတဂျိုးဘိုင်ဒင် က သတင်းထုတ်ပြန်ထားသည်။

သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းကို ဒီမိုကရက်တစ်ပါတီ က မရွေးချယ်မီ တစ်လခန့်အလိုတွင် သမ္မတဂျိုးဘိုင်ဒင် က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရက်တစ်ပါတီသည် သမ္မတရွေးကောက်ပွဲအတွက် ပါတီကိုယ်စားပြု သမ္မတလောင်းရွေးချယ်ရေးအတွက် ဒီမိုကရက်တစ်ပါတီ အမျိုးသားညီလာခံကို လာမည့် ဩဂုတ်လ ၁၉ ရက်တွင် ချီကာဂိုမြို့၌ ကျင်းပရန်စီစဉ်ထားကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ