သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပညာသင်ဆု လျှောက်ထားနိုင်


(ပြည်တွင်း) ဇူလိုင် ၂၃

ဂျပန်နိုင်ငံ၏ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးပညာသင်ဆုကို စိတ်ပါဝင်စားသူများအနေဖြင့် လျှောက်ထား နိုင်ကြောင်း မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)မှ သိရပါတယ်။

အဆိုပါ ပညာသင်ဆုကို ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် ခေါ်ယူသွားမှာဖြစ်ကာ အစီအစဉ်(၁)မှာ ဂျပန်ဘာသာ သင်ကြားရေးအတွက်တစ်နှစ်၊ ဘိုးဘွားစောင့်ရှောက်ရေးကောလိပ်အတွက် ၂ နှစ်၊ ဘိုးဘွားစောင့်ရှောက်ရေးဂေဟာ တွင် အလုပ်လုပ်ကိုင်ခြင်းအတွက်ငါးနှစ်ဖြစ်ပြီး အစီအစဉ်(၂)မှာ ဘိုးဘွားစောင့်ရှောက်ရေးကောလိပ်အတွက် ၂ နှစ်၊ ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာတွင် အလုပ်လုပ်ကိုင်ခြင်းအတွက် ငါးနှစ် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

လျှောက်ထားလိုသူများသည် ဂျပန်ဘာသာအရည်အချင်းတွင် JLPT/TopJ/NAT Test/JTest(N3)နှင့် အထက် အောင်မြင်ထားသူဖြစ်ရမှာဖြစ်ပြီး အောင်လက်မှတ် တင်ပြနိုင်ရမည်ဖြစ်ကာ အသက် ၁၈ နှစ်အထက် ၂၇ နှစ်အောက်၊ ၁၂ တန်းအောင် (သိုမဟုတ်) တက္ကသိုလ်ပထမနှစ်အောင်မြင်ပြီးသူ၊ အိမ်ထောင်မရှိဘဲ တက်တူးမရှိသူ ဖြစ်ပြီး တီဘီ ရောဂါ၊ အသည်းရောင်အသားဝါ၊ HIV စတဲ့ ကူးစက်ရောဂါများလည်း ကင်းရှင်းရသူဖြစ် ရမယ်လို့ အဆင့်ဆင့် သတ်မှတ် ထားပါတယ်။

ယင်းပညာသင်ဆုအတွက် ဂျပန်နိုင်ငံသို့ ကျောင်းဗီဇာနှင့် တခြားသော ဗီဇာများဖြင့် လျှောက်ထားပြီးသူများ လျှောက်ထားခွင့် မရှိဘဲ https://docs.google.com/forms/d/e/1FAIpQLSfk6QAa-TcGQ-QSDhusKb9j3Tgxtp6E0Z28nSCQC0e3IcjIFA/viewform?usp=sf link မှာ Google Form ရယူ၍ Google Form တွင် အချက်အလက်များ ဖြည့်သွင်းပြီး ဓာတ်ပုံ၊ ပညာရေးအထောက်အထား၊ ဂျပန်စာ မေးပွဲအောင်လက်မှတ်၊ Passport or QR Code တို့ ပူးတွဲ တင်ပြကာ ဇူလိုင်လ ၂ဝ ရက်မှ ၂၆ ရက်အထိ လျှောက်ထားနိုင်ပါတယ်။

ဒါ့အပြင် လျှောက်ထားပြီးသူများထံ ပညာသင်ဆုနှင့်ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို Google Form တွင် ဖြည့်သွင်းထားသော G-mail များမှတစ်ဆင့် ဆက်သွယ်ပေးပို့သွားဖြစ်ပြီး MAJA Education Centre ဖုန်း- ဝ၉-၄၂၈၆၁၃၈၄၈ သိုထံ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ