ပဲရစ်အိုလံပစ်ယှဉ်ပြိုင်ရန် ပြင်သစ်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်တဲ့ မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာ

(အားကစား) ဇူလိုင် 23
မြန်မာ့ကြက်တောင်မယ် သက်‌ထားသူဇာဟာ ပဲရစ်အိုလံပစ် ပြိုင်ပွဲအတွက် ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့သို့ မနေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း သိရပါတယ်။

သက်ထားသူဇာက ဇူလိုင်လ(၂၇)ရက်တွင် ကမ္ဘာ့အဆင့် (၃၁)ရှိ ကနေဒါကြက်တောင်မယ် မီရှယ်လီ၊ ကမ္ဘာ့အဆင့် (၅)ရှိသည့် ဂျပန်ကြက်တောင်မယ် ယာမာဂူချီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပြိုင်ပွဲဝင်ရောက်ကစားကြမည့် အုပ်စု(၁၆)စု ရှိသည့်အနက် အုပ်စု (C) တွင် သက်ထားသူဇာ ပါဝင်လာခဲ့ခြင်းလည်းဖြစ်ပါတယ်။

ပဲရစ်အိုလံပစ်ပွဲတော်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအထိ (၃)လကြာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။