ပစ်ခတ်မှုများကြောင့် တကျွန်းကျခံရမည့်သူအပါအဝင် အချုပ်သားများ လွတ်မြောက်


(ပြည်တွင်း) ဇူလိုင် ၂၃

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်​နေ့ မနက်ပိုင်းကဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများဖြစ်သည့် CDF ဟားခါးမှ ဟားခါးရဲစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့မှုတွင် အချုပ်သားအားလုံးလွတ်​​သွားခဲ့ကြောင်း သိရသည်။

လွတ်သွားခဲ့သည့် အချုပ်သားအရေအတွက်မှာ ၆၇ ဦးဖြစ်ပြီး ယင်းအထဲတွင် ​ထောင်ဒဏ် ၁ နှစ်မှ တသက်တကျွန်းအထိကျခံနေရသူများလည်းပါဝင်ပြီးအများစုမှာ အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများဖြစ်ကြကြောင်း သိရသည်။

ဇူလိုင်လ ၂၁ ရက်​နေ့ ည ၉ နာရီ ၃၀ မိနစ် အချိန်ခန့်ကလည်း ဟားခါး – ထန်တလန်လမ်းတွင်ရှိ CNA CDF ပူး​ပေါင်းအဖွဲ့များနှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့်ပစ်ကူပေးခဲ့ရကြောင်း သိရသည်။

သီးမြစ်​တောင်​ကြောတွင်ရှိသော တောင်ကုန်းများတွင်လည်း ဇူလိုင် ၂၂ ရက်​နေ့ နံနက် ၆ နာရီခန့်မှစ၍ တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများကြားနေရကြောင်း သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့ အနီးရှိ​ကျေးရွာများတွင် CNDF၊ KKG၊ YDF စသည့်အကြမ်းဖက်အဖွဲ့များအင်းအား ၁၀၀၀ ​ကျော်စုစည်း​နေ​ကြောင်း ဒေသခံတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။

ဖလမ်းမြို့ မြို့သိမ်းတိုက်ပွဲ ဆင်နွဲမည်ဟု သတင်းပြန့်​နေမှု​ကြောင်း မြို့ခံပြည်သူအချို့ တိမ်း​ရှောင်လျက်ရှိသည်မှာ ၃ ပတ်ခန့်ရှိပြီ ဖြစ်​ကြောင်းသိရသည်။

Webpage »…
https://positiveanglenews.com/2024/07/23/ခရီးသည်တင်မော်တော်ယာဥ်/

VK Link>>…
https://vk.com/wall-220066330_7243

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ