နေအိမ်နှင့်စျေးဆိုင်များကို AA ဖောက်ထွင်းပြီး ပစ္စည်းများ ခိုးယူနေ


(ပြည်တွင်း) ဇူလိုင် ၂၃

သံတွဲမြို့ထဲကို ဝင်ရောက်နေသော ရက္ခိုင်သောင်းကျန်းသူ AA များသည် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ၊ စျေးဆိုင်များကိုဖျက်ဆီးပြီး ပစ္စည်းများကို ယူဆောင်နေကြောင်း သတင်းအရင်းအမြသ်များ၏ပြောဆိုချက်အရ သိရသည်။

PAN ၏ သတင်းအရင်းအမြစ်များ၏ပြောဆိုချက်အရ AA သောင်းကျန်းသူများသည် သံတွဲ လေဆိပ်အပါအဝင် မြို့နေရာများအားစိုးထားပြီး မြို့ပေါ်ရပ်ကွက် အတွင်းရှိ စျေးဆိုင်များ နေအိမ်များမှ စားသောက်ဖွယ်ရာများနှင့် အဖိုးတန်ပစ္စည်းများအား ဖောက်ထွင်းယူဆောင်နေသည်ဟု သိရသည်။

ထို့အပြင် သံတွဲ – ဂွလမ်းပေါ်ရှိ သံတွဲမြို့မှ (၂၀)မိုင် ကွာဝေးသော ကျောက်ကြီးတံတားတွင် ဂိတ်ဖွင့်လှစ်ပြီး ငွေကြေးများ ကောက်ခံခြင်း၊ ဒေသခံများ၏ ဖုန်းများကို သိမ်းဆည်း​​ခြင်းတို့ကိုလည်း ပြုလုပ်နေကြောင်း သိရသည်။

ဒေသခံများမှ ဖုန်းဖြင့် သတင်းပေးခြင်း၊ သတင်းယူခြင်း ပြုလုပ်ပါက နှိပ်စက်ခြင်း ၊သတ်ဖြတ်ခြင်းများ ပြုလုပ်မည်ဟုလည်း ရက္ခိုင်သောင်းကျန်းသူ AA မှ ဒေသခံများအား ခြိမ်းခြောက်ထားကြောင်း သတင်းအရင်းအမြစ်မှပြောသည်။

ယနေ့ ညပိုင်းအချိန်အထိ သံတွဲ – မောင်ရွှေလေးရေတပ်လမ်းပေါ်တွင်ရှိသော ဆင်ဒင်ကလေးကျေးရွာတွင် AA သောင်းကျန်းသူ အင်အား များပြားစွာ ရောက်ရှိ နေကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားမှု မရှိသော်လည်း AA သောင်းကျန်းသူများမှ ဒရုန်းများဖြင့် တိုက်ခိုက်မှုအချို့ ရှိနေကြောင်း သိရသည်။

မောင်တောမြို့တွင် မွတ်ဆလင်လူမျိုးအချို့သည် လက်နက်ကိုင်ဆောင်ပြီး မြို့တွင်းရှိ ရခိုင်လူနေရပ်ကွက်များသို့ဝင်ရောက်ကာ အပြစ်မဲ့ အရပ်သားများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ