နေပြည်တော်တွင် ကားဘီးပေါက်၍ရပ်ထားသော ကားအား ဝင်တိုက်မိသဖြင့် ဆိုင်ကယ်စီးလာသူ သေဆုံး


(ပြည်တွင်း) ဇူလိုင် ၂၃

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟအိမ်ယာ(၂)၊ မြတ်ပန်းဝတ်ရည်လမ်းနှင့် ရာဇသင်္ဂဟလမ်း ဆုံတွင် ယမန်နေ့နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရာဇသင်္ဂဟလမ်းအတိုင်း အင်ကြင်းပန်းအဝိုင်းဘက်မှ ‌မြောက်မှတောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ယာဉ်မောင်း ဦးစိန်လင်းအောင်၊ နေ့စားဝန်ထမ်း၊ (မီတာ)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပုဗ္ပသီရိမြို့နယ် နေသူမောင်းနှင်သော Yinxiang 110 အနက်ရောင် ဆိုင်ကယ်မှာ ရာဇသင်္ဂဟလမ်းနှင့် မြတ်ပန်းဝတ်ရည်လမ်းထောင့်အနီး ရာဇသင်္ဂဟလမ်းမပေါ်တွင် ယာဘက်ရှေ့ဘီး ဘီးပေါက်၍ရပ်ထားသော ခရမ်းပြာမြေယာရူခင်း ကုမ္ပဏီမှ Forland အဝါ‌ ရောင်ယာဉ်အမျိုးအစား ယာဉ်အား တိုက်မိကာ ‌ဆိုင်ကယ်မှာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှူကြောင့် ဆိုင်ကယ်ယာဉ်မောင်း ဦစိန်လင်းအောင်မှာ ဦးခေါင်းနောက်စေ့ကွဲ၊ နဖူးအလယ်ပေါက်ပြဲကာ သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်ရှေ့ခြမ်းကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ