ဆိတ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် နှင့် အောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့အား အကြမ်းဖက် PDF များက လာရောက်သတ်ဖြတ်


(ပြည်တွင်း) ဇူလိုင် ၂၃

မကွေးတိုင်ဒေသကြီး၊ ဆိတ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် နှင့် အောက်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးတို့အား အကြမ်းဖက် PDF များက ယနေ့ညပိုင်းတွင် လာရောက်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်တွင် ဆိတ်ဖြူမြို့၊ ရွာသစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးညွန့်လွင်(ခ) ဦးတာတီးအား ယနေ့ညနေ ၆ နာရီ ၃၀ မိနစ် အချိန်ခန့်က အကြမ်းဖက် PDF များရောက်ရှိ လာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ပြီး၊ အလားတူပင် အောက်ဆိပ်ကျေးရွာမှ ဦးမြင့်ချို ဆိုသူအားလည်း ညနေ ၆ နာရီဝန်းကျင့်ခန့်က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ