ခရီးသည်တင်မော်တော်ယာဥ်တစ်စီး ချောက်ထဲထိုးကျ ခရီးသည်များဒဏ်ရာရ


(ပြည်တွင်း) ဇူလိုင် ၂၃

မိုင်းဖြတ်မြို့နယ်၊ မိုင်းဖြတ်အုပ်စု၊ ဟိုနားစောမွန်ရွာအလွန် မြို့ဦးထိပ် မိုင်တိုင်မှတ် (05+500) KM အနီးရှိလမ်းဘေးချောက်အတွင်းသို့ ခရီးသည်တင်ယာဉ် မှန်လုံယာဉ်ငယ်တစ်စီး ဇူလိုင် ၂၂ ရက်နေ့ နံနက် ၈ နာရီချိန်ခန့်က လမ်းချော်ကာ ချောက်ထဲသို့ကျသွားခဲ့ကြောင်း သိရသည်။

ယင်းအခင်းဖြစ်ရာနေရာသို့ တပ်မတော်တပ်ဖွဲ့၀င်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်ဝန်ထမ်းများသွရောက်ကူညီခဲ့ကြပြီး ချောက်အတွင်းကျသွားသည့်ကားအတွင်းမှ ခရီးသည်များကိုကယ်ဆယ်ပေးခဲ့ကြောင်း သိရသည်။

ဒဏ်ရာရှိသောလူနာများကိုလည်း သင်္ဂဟ လူမှုကူညီရေး အသင်းသားများမှ မြို့နယ်ပြည်သူ့ဆေးရုံ သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သင်္ဂဟ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌထံမှ သိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ