2024 AFF U-19 Boys Championship ပြိုင်ပွဲမှာ မြန်မာနှင့် လာအို တို သရေရလဒ် ထွက်ပေါ်


(အားကစား) ဇူလိုင် ၂၂


ဇူလိုင်လ ၂၁ ရက်က မြန်မာစံတော်ချိန်ညနေ ၇ နာရီအချိန်မှာ မြန်မာ U-19 အသင်းက လာအိုအသင်းနဲ့ အင်ဒိုနီးရှားနိုင်ငံ Gelora 10 november stadium မှာ အုပ်စုဒုတိယအ‌ကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြရာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်အတွင်း မြန်မာအသင်းက ဦးဆောင်ဂိုး ၁ ဂိုးသွင်းယူထားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းပွဲချိန် အပြီးမှာ တစ်ဖက် ၁ ဂိုးစီနဲ့ သရေရလဒ်ထွက်ပေါ်ခဲ့ရခြင်းဖြစ်ပါတယ်။ ယခုကျင်းပနေတဲ့ 2024 AFF U-19 Boys Championship ပြိုင်ပွဲမှာ မြန်မာအသင်းအနေနဲ့ အုပ်စုပထမအကျော့ပွဲစဉ်မှာလည်း ဗီယက်နမ်အသင်းကို တစ်ဘက်တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်‌ပေါ်ခဲ့ပါတယ်။


မြန်မာအသင်းက အုပ်စုနောက်ဆုံးပွဲစဉ်အနေနဲ့ ဇူလိုင်လ ၂၄ ရက်မှာ သြစတြေးလျအသင်းနှင့် ယှဉ်ပြိုင် ကစားရန် ကျန်ရှိ‌နေသေးတာ ဖြစ်ပါတယ်။ 2024 AFF U-19 Boys Championship ပြိုင်ပွဲမှာ မြန်မာအသင်း အနေနဲ့ ဩစတြေးလျ၊ ဗီယက်နမ်၊ လာအို စတဲ့အသင်းများနဲ့ တစ်အုပ်စုတည်းကျရောက်ကာ ယှဉ်ပြိုင်နေကြခြင်း ဖြစ်ပါတယ်။

မြန်မာယူ-၁၉ အသင်းကို အုပ်ချုပ်/နည်းပြအဖွဲဝင် ၉ ဦး၊ ကစားသမား ၂၃ ဦး စုစုပေါင်း ၃၂ ဦးနဲ့ ဖွဲစည်းထားပြီး ဇူလိုင်လ ၁၆ ရက်နံနက်ပိုင်းမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ဒိုနီးရှားနိုင်ငံသို ထွက်ခွာခဲ့ခြင်းဖြစ်ပါတယ်။


အခုပွဲစဉ်မှာ ၃ မိနစ် ၅ ချီယှဉ်ပြိုင်ကစားခဲ့ကြပြီး အရှုးအနိုင် ပြတ်သားခြင်းမရှိတာကြောင့် ပူးတွဲသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ