The Great Lethwei -TGL-7 ပြိုင်ပွဲမှာ မြန်မာ့လက်ဝှေ့ကျော် ကျော်စွာဝင်းနှင့် ဘရတ်ပတ်စ်တိုး ပူးတွဲသရေရရှိ


(အားကစား) ဇူလိုင် ၂၂

ဇူလိုင်လ ၂၁ ရက်ကျင်းပပြုလုပ်ခဲ့တဲ့ The Great Lethwei -TGL-7 ပြိုင်ပွဲမှာ ခေါင်တွဲ‌ဆိုင်းအဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ ရိုးရာဖိုက်တာ ကျော်စွာဝင်းနှင့် အမေရိကန်နိုင်ငံသား ဘရတ်ပတ်စ်တိုး တို့ ပူးတွဲသရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

အဓိက ခေါင်တွဲဆိုင်းတွင် ထိုးသတ်ခဲ့တဲ့ ရိုးရာလက်ဝှေ့ဖိုက်တာ ကျော်စွာဝင်းက ရိုးရာလက်ဝှေ့ပွဲများအတွင်း ရှုးပွဲမရှိသူ တစ်ဦးဖြစ်ကာ လက်ရှိမှာ M2K ကလပ်မှာ ကိုယ်စားပြုကစားနေသူဖြစ်ပါတယ်။

ပြိုင်ဘက်ဖြစ်သူ အမေရိကန်နိုင်ငံသား ဖိုက်တာဘရတ်ပတ်စ်တိုး မှာ MMA ပွဲစဉ်မှာ ၄ ပွဲနိုင် ၃ ပွဲရှုးရလဒ်ပိုင်ဆိုင်ထားပြီး One Championship ပွဲစဉ်မှာ ၂ ပွဲထိုး ၂ ပွဲရှုး ရလဒ်ထွက်ပေါ်ထားသူဖြစ်ကာ လက်ရှိမှာ Tiger Muay Thai Club ကိုယ်စားပြု ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ၃ မိနစ် ၅ ချီယှဉ်ပြိုင်ကစားခဲ့ကြပြီး အရှုးအနိုင် ပြတ်သားခြင်းမရှိတာကြောင့် ပူးတွဲသရေရလဒ်နဲ့ ပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ