Myanmar Women League 2024 မှာ ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ရန်ကုန်ယူနိုက်တက်အသင်း


(အားကစား) ဇူလိုင် ၂၂

Myanmar Women League 2024 ဒုတိယအကျော့ Week – 8 ပွဲစဉ်အပြီး ရန်ကုန်ယူနိုက်တက် အမျိုးသမီးအသင်းမှာ ရမှတ် ၁၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။

အဆိုပါ Myanmar Women League 2024 ဒုတိယအကျော့ Week – 8 ပွဲစဉ်များ ဇူလိုင်လ ၁၉ ရက်မှာ ပြီးဆုံးခဲ့ပြီးနောက် အမှတ်ပေးဇယားရပ်တည်မှု ရလဒ်များထွက်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။

အမှတ်ဇယားရပ်တည်မှုအရ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၁၈ မှတ်နဲ့ အဆင့်(၁)၊ အား/ကာသိပ္ပံ အသင်းက ရမှတ် ၁၇ မှတ်နဲ့ အဆင့်(၂)၊ ဧရာဝတီယူနိုက်တက်အသင်းက ရမှတ် ၁၃ မှတ်နဲ့ အဆင့် (၃)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ