အမြန်လမ်းတွင်ယာဥ်မတော်တဆမှုဖြစ်ပွားရာမှ လူထိခိုက်ဒဏ်ရာရ


(ပြည်တွင်း) ဇူလှိုင် ၂၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အိမ်စီးကားတစ်စီးမှ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိရာမှ လူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၇း၃၀ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၀၉/၀)နှင့်(၁၀၉/၁)ကြားတွင် Toyota Wish အဖြူရောင်(၁)စီးသည် မောင်းနှင်လာစဥ် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား တိုက်မိမှုဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၄)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အားဒဏ်ရာရရှိခဲ့သဖြင့် ၁၁၅ မိုင် အမြန်လမ်းကြက်ခြေနီယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ ပေးထားရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ