ယာယီသမ္မတက သူ့ရဲ့တာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်


(ပြည်တွင်း) ဇူလိုင် ၂၂

အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ပြီလို့ သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

ဒွကနေ့ ဇူလိုင် ၂၂ ရက်နေ့ ညပိုင်းထုတ်ပြန်တဲ့ ထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ လက်ရှိကျန်းမာရေးအခြေအနေအရ ဆေးခွင့်ယူပြီး ဆေးကုသမှုခံယူ နေရတယ်လို့ သတင်းထုတ်ပြန်ထားပြီး အဲဒီကျန်းမာရေးအခြေအနေအရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေကို လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ဖို့အလို့ငှာ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူပြီး တာဝန်ဝတ္တရားတွေ ဆောင်ရွက်ဖို့ ပျက်ကွက်နေချိန်နဲ့ ယာယီသမ္မတတာဝန်လစ်ဟင်း နေချိန် ကာလတွေမှာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံကို လွှဲအပ်ဆောင်ရွက်စေမှာဖြစ်တယ်လို့ ထုတ်ပြန်စာ မှာပါရှိပါတယ်။

ယာယီသမ္မတရုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို အကြောင်းကြားစာပေးပို့လာခဲ့တာဖြစ်ပြီး အဲဒီလို အကြောင်းကြားစာပေးပို့ပြီးတဲ့နောက်၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ ၁၁ နာရီခွဲအချိန်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်တွေအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်းအပ်နှံပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#AMT #SZ