မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်တွင် မော်တော်ယာဥ်တစ်စီးအား အကြမ်းဖက် PDF ၅ ဦးခန့်က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်


(ပြည်တွင်း)ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ အနောက်ဘက် မိုးကန်(အနောက်) ကျေးရွာအနီး၊ မြင်းခြံ-နွားထိုးကြီးကားလမ်းပေါ်တွင် မော်တော်ယာဥ်တစ်စီးအား အကြမ်း ဖက် PDF ၅ ဦးခန့်က မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ကိုမြင့်ဦး(ခ)အာရှရစ်၊ အသက် ၄၂ နှစ်၊ သားရေလုပ်ငန်းလုပ်ငန်းလုပ်ကိုင်သူ၊ အမှတ် (၃)ရပ်ကွက်၊ နယ်မြေ(၄)၊မြင်းခြံမြို့နယ်နေသူ မောင်းနှင်လာသည့် SURF အမျိုးအစား အနက်ရောင်ယာဉ်သည် မန္တလေးသို့ တူမဖြစ်သူ အိနန္ဒာဝင်းအား ပို့ဆောင်ခဲ့ပြီး ပြန်လာစဉ် နွားထိုးကြီးမြို့ အနောက်ဘက် မိုးကန်(အနောက်) ကျေးရွာအနီး၊ မြင်းခြံ-နွားထိုးကြီးကားလမ်းသို့ အရောက်၌ အကြမ်းဖက် PDF ၅ ဦးခန့်က မိုင်းဆွဲတိုက် ခိုက်ပြီး လက်နက်ငယ်ဖြင့် ၈ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကိုမြင့်ဦး(ခ)အာရှရစ်တွင် ဝဲဘက်ပေါင် ဖောက်ဝင်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)၊ ဦးမောင်ဇော်(ခ)မိုဟာရစ်၊ အသက် ၄၂ နှစ် ၊ အမှတ်(၃)ရပ်ကွက်၊ နယ်မြေ(၄)၊ မြင်းခြံမြို့နယ်နေသူတွင် ဝဲဘက်ခါးဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ကျောကုန်းမိုင်းစ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

ZN #SZ