ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင် (၂)ကျေးရွာရှိ နေအိမ်ပေါ်သို့ ကုက္ကိုလ်ပင်အမြစ်လှန်၍ နေအိမ်တစ်လုံးခေါင်မိုးပေါ်သို့ လှဲကျမှုဖြစ်ပွား


(ပြည်တွင်း) ဇူလှိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင် (၂)ကျေးရွာရှိ ဦးခင်မောင်ဝင်း ၏ နေအိမ်ပေါ်သို့ ကုက္ကိုလ်ပင် အမြစ်လှန်၍ နေအိမ်ခေါင်မိုးပေါ်သို့ လှဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဦးခင်မောင်ဝင်း ၏ ဓနိမိုး၊ ဓနိကာ(အလျား ၂၇ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေ) ပျဉ်ခင်း နေအိမ် ၁ လုံး၏ ဘေးဘက်တွင်ရှိသော ကုက္ကိုလ်ပင် (လုံးပတ် ၈ ပေ၊ အလျား ၁၆ ပေ)မှာ အမြစ်လှန်၍ နေအိမ်ခေါင်မိုးပေါ်သို့ လှဲကျခဲ့သောကြောင့် ၎င်း၏နေအိမ်မှာ ပြိုကျပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး မှာ ၄ သိန်းကျပ်ခန့်ဖြစ်ပြီး လူ နှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဦးခင်မောင်ဝင်း ၏ မိသားစုဝင် ကျား ၁ ဦး၊ မ ၃ ဦး၊ ပေါင်း ၄ ဦးတို့အား နီးစပ်ရာ ဆွေမျိုးများနေအိမ်သို့ ပြောင်းရွှေ့ထားပြီး နေအိမ်အား အမြန်ဆုံးပြန်လည်ပြုပြင် ဆောင်လုပ်လျက်ရှိ ကြောင်းသိရှိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

KL #SZ