တစ်ကမ္ဘာလုံး နည်းပညာဆိုင်ရာ ပြတ်တောက်မှု Windows ကွန်ပျူတာ ရှစ်သန်းခွဲ အပေါ်ထိခိုက်


(နိုင်ငံတကာ) ဇူလိုင် ၂၂

ဇူလိုင်လ ၁၉ ရက်တွင် ဖြစ်ပွားသော တစ်ကမ္ဘာလုံး နည်းပညာဆိုင်ရာ ပြတ်တောက်မှုက Windows စနစ်သုံး ကွန်ပျူတာ ရှစ်သန်းခွဲအပေါ် ထိခိုက်ခဲ့ကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီ က ထုတ်ပြန်သည်။

အဆိုပါ နည်းပညာ ပိုင်းဆိုင်ရာ ပြတ်တောက်မှုကြောင့် ဆက်သွယ်ရေးကုမ္ပဏီများ၊ ဘဏ်များ၊ လေကြောင်းလိုင်းများအနေဖြင့် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ရသည်။

ယခုကဲ့သို့ နည်းပညာဆိုင်ရာ ပြတ်တောက်မှုသည် Falcon Sensor အမည်ရှိ ဆိုက်ဘာလုံခြုံရေး Application အတွက် အဆင့်မြှင့်တင်မှုကြောင့် ဖြစ်သည်ဟု CrowdStrike နည်းပညာ ကုမ္ပဏီ က ထုတ်ပြန်ထားသည်။

နည်းပညာပိုင်းဆိုင်ရာပြတ်တောက်မှုကြောင့် ထိခိုက်ရသော Windows စနစ်သုံး ကွန်ပျူတာအလုံးရေ ရှစ်သန်းခွဲသည် ပမာဏအားဖြင့် ထိုစနစ်သုံးကွန်ပျူတာ စုစုပေါင်း၏ ၁ ရာခိုင်နှုန်းအောက်သာ ရှိသော်လည်း CrowdStrike ၏နည်းပညာကို အသုံးပြုနေသည့် လုပ်ငန်းများ၏စီးပွားရေးနှင့်လူမှုရေးအပေါ် ကြီးမားသော သက်ရောက်မှု မရှိစေကြောင်း မိုက်ခရိုဆော့ဖ် ကုမ္ပဏီ၏ ဇူလိုင်လ ၂၀ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ