ဂျပန်ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ လေးရာကျော် မြန်မာလုပ်သားများအတွက် ကမ်းလှမ်း


(ပြည်တွင်း) ဇူလိုင် ၂၂

မြန်မာလုပ်သားများကို ဂျပန်ကုမ္ပဏီများက အလုပ်ကမ်းလှမ်းစာ ၄၄၀ ခု ကမ်းလှမ်းထားကြောင်း ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုကျိုမြို့မှာရှိသော မြန်မာသံရုံးအနေဖြင့် ဂျပန်နိုင်ငံရှိ ကုမ္ပဏီများက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာ ၄၄၀ ခုရဲ့ အချက်အလက်များကိုစိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့အကြောင်းကြားထားတယ်လို့ သိရပါတယ်။

စိစစ်ချက်များအရ မြန်မာသံရုံး၊ တိုကျိုမြို့အနေနဲ့ Demand Letter များကို ဂျပန်ကုမ္ပဏီများထံမှ ပြန်ကြားစာ လက်ခံရရှိတဲ့ ရက်စွဲအလိုက် အစဉ်အတိုင်းစိစစ်ပေးလျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၃ ရက်အထိ လက်ခံရရှိ၍ စိစစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။

စိစစ်ရာမှာ အလုပ်ခေါ်ယူတဲ့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေး ကုမ္ပဏီ၊ အလုပ်ခေါ်ယူတဲ့ စက်ရုံ /ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိအပါအဝင် စာရွက်စာတမ်းအထောက်အထား များကို စစ်ဆေးခဲ့ကြောင်း မြန်မာသံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

#SZ