အိန္ဒိယမှ ကင်ဆာကုသစက် ရန်ကုန်ဆေးရုံကြီးသို ပေးအပ်


(ပြည်တွင်း) ဇူလှိုင် ၂၁

မြန်မာနိုင်ငံရှိ ပြည်သူတွေအသုံးပြုဖို့အတွက် ကင်ဆာကုသစက် Bhabhatron II ကို အိန္ဒိယနိုင်ငံက ရန်ကုန် ပြည်သူ့ဆေးရုံကြီးကို ဇူလိုင် ၁၈ ရက်၊ နေ့လယ်ပိုင်းက လွှပြောင်းပေးအပ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကိုတော့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနဲ့ မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေးတာကူးရ် က ကမ္ဘာ့ဆေးဝါးထုတ်လုပ်မှု စျေးကွက်မှာ ဦးဆောင်နိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံ၏ကျန်းမာရေး နဲ့ ဆက်စပ်ကဏ္ဍတွေမှာ အနီးကပ် ပူးပေါင်းမှုတွေ ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုလှူဒါန်းတဲ့ ကင်ဆာကုသစက် Bhabhatron II ဟာ အထူးကုသဖို့ လိုအပ်နေတဲ့ ကင်ဆာ ဝေဒနာရှင်တွေကို ဓာတ်ရောင်ခြည်နဲ့ ကုသမှုအတွက် နောက်ဆုံး ပေါ်နဲ့ အထိရောက်ဆုံးနည်းပညာဖြစ်သလို ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အသီးသီးမှာ ကင်ဆာရောဂါကို ကုသစေနိုင်ပြီး အိန္ဒိယနိုင်ငံနဲ့ နိုင်ငံတကာရှိ ကင်ဆာဌာန အသီးသီးမှ ထိရောက်တဲ့ ကုသမှုပုံစံအဖြစ် ကျယ်ပြန့်စွာ လက်ခံထားတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် အိန္ဒိယနိုင်ငံအနေနဲ့ ရန်ကုန်အပြင် မန္တလေး၊ မုံရွာ၊ စစ်တွေနဲ့ နေပြည်တော်မှာရှိတဲ့ ဆေးရုံတွေကို ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ထမ်းတွေကို စွမ်းဆောင်ရည် မြှင့်တင်ရေး အကူအညီတွေကို တိုးမြှင့် ပေးခဲ့တယ် လို့လည်း ရန်ကုန်မြို့ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ