အယ်ကွက်ဆက်အသင်းသို အူဘာမီယန် ပြောင်းရွှေ့


(အားကစား) ဇူလိုင် ၂၁

ဆော်ဒီကလပ် အယ်ကွက်ဆက်အသင်းဟာ မာဆေးလ်အသင်းရဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်ကို ခေါ်ယူ နိုင်ခဲ့ ပြီလို့ ဇူလိုင်လ ၁၈ ရက်မှာ တရားဝင်ကြေညာသွားခဲ့ပါတယ်။

အယ်ကွက်ဆက်အသင်းဟာ အခုဘောလုံးရာသီမှ ဆော်ဒီပရိုလိဂ်ကို တန်းတက်လာတဲ့ အသင်း ဖြစ်တာကြောင့် ရာသီသစ်အတွက်ပြင်ဆင်မှုအနေနဲ့ ဥရောပ ကစားသမားကောင်းတွေကို ခေါ်ယူဖို့လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်၊ ဘာစီလိုနာ၊ ချယ်လ်ဆီးစတဲ့ ဥရောပအသင်းကြီးတွေမှာ ကစားဖူးခဲ့တဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်သလို အတွေ့အကြုံရှိ ဝါရင့်တိုက်စစ်မှူး တစ်ယောက်ဖြစ်တာကြောင့် အသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာလိမ့်မယ်လို့ အယ်ကွက်ဆက်အသင်းဘက်က ယုံကြည်နေ ပါတယ်။

အယ်ကွက်ဆက်အသင်းဟာ အခုအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်ခံလူ နာချို၊ ဝုဖ်ဘတ် အသင်းဂိုးသမား ကတ်စတီးတို့ကိုလည်း ခေါ်ယူခဲ့တာကြောင့် အူဘာမီယန်ဟာ အယ်ကွက်ဆက်အသင်းရဲ့ တတိယမြောက် ကစားသမားအသစ်လည်း ဖြစ်လာခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ